မင်း‌အောင်လှိုင်အာဏာသိမ်းတပ်ဖွဲ့၏ တိုက်လေယာဉ်သည် ကိုးကန့်ဒေသသို့ လာရောက်ဗုံးကြဲကာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)နှင့် မန်တုံပ နေရာတွင် တိုက်ပွဲဖြစ်ပွား

 ကိုးကန့်သတင်းမီဒီယာ

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ မင်းအောင်လှိုင်အာဏာသိမ်းတပ်ဖွဲ့သည် တိုက်လေယာဉ်ဖြင့် ကိုးကန့် ဒေသ၏မိုးကောင်းကင်ပေါ်သို့    လာရောက်ပျံသန်းပြီး   ဗုံးကြဲပစ်ခတ်ကာ      မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)နှင့်  မန်တုံပ နေရာတွင်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။


သတင်းအရ မင်းအောင်လှိုင်အာဏာသိမ်းတပ်ဖွဲ့၏ တိုက်လေယာဉ်သည် ညနေ ၁ နာရီ ၅မိနစ်အချိန်တွင် ချင်းရွှေဟော်ဒေသ  တာကြာမိန်နေရာအနည်းသို့ လက်နက်ကြီးကျည်(၃)လုံးပစ်ချပေါက်ကွဲခဲ့ပါသည်။ ထို့နောက် ၁ နာရီ ၃၅ မိနစ်အချိန် ကွမ်လုံဒေသ၌ အခြေချနေထိုင်သော မင်းအောင်လှိုင်အာဏာသိမ်းတပ်ဖွဲ့အင်အားတစ်စု သည်လည်း RPGလက်နက်ကြီးများဖြင့် ၎င်းနေရာများကိုပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ သို့သော် မင်းအောင်လှိုင် အာဏာသိမ်းတပ်ဖွဲ့တို့  လက်နက်ကြီးများဖြင့်ပစ်ခတ်သောနေရာများတွင် တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ပါ။

ထိုနေ့ ညနေ ၁ နာရီ ၁၆ မိနစ်အချိန် မန်တုံပ နေရာဖြစ်ပွားခဲ့သောတိုက်ပွဲသည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)ဘက်မှ (၁)ဦးကျဆုံးပြီး ဒဏ်ရာရသူ(၁)ဦးရှိခဲ့ပါသည်။ မင်းအောင်လှိုင် အာဏာသိမ်းတပ်ဖွဲ့မှ လူအကျအဆုံးအသိစိတ်မသိရသေးပါ။

评论