မုံးကိုးခရိုင်ဒုက္ခသည်စခန်းသို့သွားရောက်ကြည့်ရှုပြီး မျိုးချစ်ပုဂ္ဂိုလ်များ လှူဒါန်းပေးသောပစ္စည်းများကို ဒုက္ခသည်ထံပေးပို့

 အထူးဒေသ(၁) အလုပ်အမှုဆောင်အဖွဲ့မှ မုံးကိုးခရိုင်ဒုက္ခသည်စခန်းသို့သွားရောက်ကြည့်ရှုပြီး မျိုးချစ်ပုဂ္ဂိုလ်များ လှူဒါန်းပေးသောပစ္စည်းများကို ဒုက္ခသည်ထံပေးပို့

ကိုးကန့်မီဒီယာ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)သည် မုံးကိုးခရိုင်ကိုပြန်လည်ထူထောင် ခဲ့ပြီးနောက် နိုင်ငံရေးဌာန ၊ တပ်မဟာ(၅၁၁) နိုင်ငံရေးရုံးနှင့် ရှမ်းပြည်နယ်အထူးဒေသ(၁) မုံးကိုးခရိုင်အရာရှိ များဖြင့် စုဖွဲ့ထားသော အလုပ်အမှုဆောင်အဖွဲ့သည် နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ မုံးကိုးခရိုင် ရှိ ဒုက္ခသည်စခန်းနှင့် ဟဲ့မုံးလုံဒုက္ခသည်စခန်းသို့သွားရောက်ကာ အများပြည်သူအစည်းအဝေးလုပ်ပြီး ဒေသခံ အရပ်သားများနဲ့ ရင်ဖွင့်စကားပြောကြကာ ၎င်းတို့ရဲ့နေထိုင်စားသောက်ရေးကိုသိရှိ နားလည်ခဲ့ပြီး အများပြည်သူ၏အကြံများကိုလည်း နားဆင်ခဲ့ပါသည်။
သတင်းအရ ‌ဒေသခံအရပ်သားများသည် ပစ္စည်းရိက္ခာများဝယ်ယူရန် လမ်းမ‌ပေါက်သည့်အတွက်ကြောင့် နေထိုင်စားသောက်ရေးပိုင်းတွင် အခက်အခဲများရင်ဆိုင်ခံရပါသည်။ ၎င်းအရာကို သတိထားမိသော ပြင်ပလူမှုအသိုင်းအဝိုင်းမှ မျိုးချစ်ပုဂ္ဂိုလ်များမှာ ကိုးကန့်(MNDAA)သက်ဆိုင်ရာ ဌာနကို ဆက်သွယ်လာပြီး ဒုက္ခသည်အတွက် ပစ္စည်းရိက္ခာများလှူဒါန်းပေးခဲ့ပါသည်။ လတ်တလောပိုင်းတွင် လူသားချင်းစာနာမှုအဖွဲ့အစည်း ထုံရှင်းပလပ်ဖောင်းသည် ကိုးကန့်(MNDAA)မှတဆင့် မုံးကိုးခရိုင် ဒုက္ခသည်စခန်းကို ဆန်(အိတ်၆၄၀ (တစ်အိတ် ပေါင်း၅၀)) ၊ တရုတ်ရွှေလီမျိုးချစ်ပုဂ္ဂိုလ်မှ ဆန်(အိတ်၃၂၉(တစ်အိတ်ပေါင်း၅၀)) ၊အားလူး(အိတ်၁၂၁) ၊ ခေါက်ဆွဲခြောက်(၇ဖာ) ၊ဆား(၂၃အိတ်)၊ ကြက်ဥ(၇၂)ကပ် ၊ စားသုံးဆီ(၂၁)ဖာနှင့် ကိတ်မုန့်ခြောက်(ဖာ၅၀) စသည့်တို့လှူဒါန်းခဲ့ပါသည်။
ဒေသခံအရပ်သားများ၏နေထိုင်‌ရေးပြဿနာဖြေရှင်းရန်အတွက် ၎င်းတို့လှူဒါန်းပေးသောပစ္စည်းရိက္ခာများကို ဒုက္ခသည်ထံအချိန်မှီပို့ဆောင်ခဲ့ပါသည်။
နိုဝင်ဘာလ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ အလုပ်အမှုဆောင်အဖွဲ့သည် ဒုက္ခသည်စခန်းသို့ရောက်ရှိပြီး လူထုလုပ်ငန်းများဆောင်ရွက်နေစဉ် မျိုးချစ်ပုဂ္ဂိုလ်လှူဒါန်းပေးသော ပစ္စည်းရိက္ခာများကိုလည်း ဒုက္ခသည်စခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ဒုက္ခသည်နေထိုင်သောနေရာများပြန့်ကြဲတဲ့အတွက်ကြောင့် အလုပ်အမှုဆောင်အဖွဲ့သည် အဖွဲ့ငယ်(၁၂)ဖွဲ့ပြီး ဒေသအသီးသီးရှိ ဒုက္ခသည်များထံသို့ ပစ္စည်းရိက္ခာများမျှတစွာပို့ဆောင်မျှဝေပေးခဲ့ပါသည်။ အထူးသဖြင့် ခေါက်ဆွဲခြောက် ၊ ကြက်ဥ နှင့် စားသုံးဆီစသည့် ပစ္စည်းအရေအတွက်မှာ နည်းပါးသဖြင့် အလွန်ဆင်းရဲဒုက္ခရောက်နေသူများကို ဦးစားပေးထုတ်ဝေပေးခဲ့ပါသည်။





အလုပ်အမှုဆောင်အဖွဲ့မှ ဒုက္ခသည်စခန်းသို့သွားရောက်ကြည့်ရှုပြီး ပစ္စည်းရိက္ခာများပေးပို့ခဲ့

评论