မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) မှ ကိုးကန့်ခရိုင်

 မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) မှ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ ၊မန်တုံပတပ်စခန်းကိုသိမ်းယူခဲ့ပြီး မူပန်(သိန္နီ)စစ်ဆင်ရေးကိုလည်း ရှေ့ဆက်ဆောင်ရွက်နေ

ကိုးကန့်သတင်းမီဒီယာ

နိုဝင်ဘာလ ၁ ရက်


နိုဝင်ဘာ ၁ ရက် ကိုးကန့်၊ မန်တုံပစစ်ကောင်စီစခန်းကိုသိမ်းယူခဲ့(ပုံ)

နိုဝင်ဘာလ (၁) ရက်နေ့ နံနက် (၇)နာရီခန့် တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA)သည် ကိုးကန့်ခရိုင် တုန်းရှမ်း‌ဒေသ မန်တုံပရှိစစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်ပစ္စည်းအချို့ကို လည်း သိမ်းဆည်းရရှိပါသည်။

နိုဝင်ဘာ ၁ ရက် ကိုးကန့် မန်တုံပတိုက်ပွဲတွင် ချေမှုန်းခဲ့သောစစ်ကောင်စီအဖွဲ့ဝင်(ပုံ)


       နံနက်(၄) နာရီခန့်  MNDAA ၊  မူပန်(သိန္နီ)‌ဒေသလုံခြုံရေးအဖွဲ့ နှင့် AA အဖွဲ့တို့သည် ကွမ်းလုံ‌မြို့နယ်ရှိ စစ်ကောင်စီ ၏အမြောက်တပ်ရင်း(၁၂၇)စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ (၄း၁၀)နာရီတွင် ၎င်းစခန်း၏ ပထမတန်း ကာကွယ်ရေးစစ်ကြောင်းကို ထိုး‌‌ဖောက်နိုင်ခဲ့ပြီး ဒုတိယတန်း ကာကွယ်ရေးစစ်ကြောင်းကိုစတင် တိုက်ခိုက် ခဲ့ပါသည်။

မုံးကိုးတိုက်ပွဲ

နိုင်ဝင်ဘာလ (၁) ရက်နေ့ နံနက်(၉း၀၈)နာရီတွင် MNDAA နှင့် ‌ဒေသလုံခြုံရေးအဖွဲ့တို့ မြေပြင်ရှင်းလင်း‌ရေးများ ကို ဆက်လက်လုပ်ဆောင်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့(၃)ဦးကိုထပ်မံဖမ်းဆီးရရှိပါသည်။

评论

发表评论