သမိုင်းတွင် အထူးဒေသ(၁)၏ အုပ်ချုပ်နယ်မြေဖြစ်ခဲ့တဲ့ ကွမ်းလုံမြို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့
ကိုးကန့်မီဒီယာ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်
(၁၀. ၂၇)ပူးတွဲစစ်ဆင်ရေး Operation ကြီးလုပ်ဆောင်လာသည့်တလျှောက်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ ဝင်များအနေဖြင့် တက်ကြွအားသန်ပြီး ရှမ်းမြောက်ဒေသတွင် စစ်အောင်ပွဲများကို အဆက်မပြတ်ဖော်ဆောင် နိုင်ခဲ့ပါသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)မှ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးတွဲပြီး ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ)စသည့်နေရာရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းများကို အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော် ၊ မုံးကိုး နှင့် ကွမ်းလုံစသည့်မြို့နယ်များကိုလည်း ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ပြီး အထူးဒေသ(၁) ၏ သမိုင်းဝင်အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ခဲ့ပါသည်။
နိုဝင်ဘာလ( ၁ )ရက်နေ့တွင် (၁၀.၂၇)စစ်ဆင်ရေး Operation ကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကိုးကန့်ဒေသ တောင်ပိုင်း၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့လွတ်မြောက်ရေးတိုက်ပွဲကို စတင်ဖော်ဆောင်ခဲ့ပြီး ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများ နှင့် အုပ်ချုပ်ရေးဌာနများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့များ၏ ပူးတွဲတိုက်ခိုက်မှုဖြင့် ကွမ်းလုံတံတားကို ဦးစွာသိမ်းပိုက်ပြီး မြို့တွင်းရှိ ရန်သူများကို လျင်မြန်စွာသုတ်သင်ရှင်းလင်းကာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ယာဉ်ထိန်းရဲ များ နှင့် မြို့နယ်အုပ်ချုပ်ရေးရုံးများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။
နိုဝင်ဘာလ (၂ )ရက်နေ့ နံနက် (၁၁း၀၅)နာရီအချိန်တွင် ကွမ်းလုံမြို့အနောက်ဘက်ရှိ ဟွမ်ချောက်ပေါက်ပေါက် တောင်ကုန်းစခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပြီး ကွမ်းလုံမြို့ (သံလွင်မြစ်အရှေ့ဘက်ခြမ်း)ကို ထိန်းချုပ်နိုင်ခဲ့ပါသည်။
နိုဝင်ဘာလ (၆) ရက်နေ့တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် သံလွင်မြစ်အနောက်ဘက်ခြမ်း၊ ကွမ်းလုံမြို့၏မျက်နှာချင်းဆိုင်ဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း နှင့်တပ်စခန်းများကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။ (၆)ရက်ကြာ အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့နံနက် မြန်မာစံတော်ချိန် (၁၀း၁၅)နာရီအချိန်တွင် အပြီးအပိုင်သိမ်းယူနိုင်ခဲ့သည်။
ယခုအချိန်တွင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့သည် ကွမ်းလုံမြို့နယ်တစ်ခုလုံးအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်အားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီး ကွမ်းလုံမြို့ကို လုံးဝထိန်းချုပ်နိုင်ခဲ့ပါသည်။
ထို့ပြင် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့များ၏ ပူးတွဲဆောင်ရွက်မှုတို့ဖြင့် ကွမ်းလုံ- နန်ဟူ - ချင်းရွှေဟော်-တုန်ရှမ်းဒေသတာတုံအထိ နေရာတကြောလုံးကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။
ကွမ်းလုံက ကိုးကန့်၏အုပ်ချုပ်နယ်မြေဖြစ်တယ်ဆိုတဲ့သမိုင်းကတော့ တော်တော်ကြာမြင့်ခဲ့ပါပြီ။ ကိုးကန့် စော်ဘွားရန်ကော်ဟွာ၏ အုပ်ချုပ်ရေးခေတ်ကို ပြန်ကြည့်ရပါမယ်။ ၁၈၆၇ ခုနှစ်တွင် မူပန်(သိန္နီ)စော်ဘွားမှ ကိုးကန့်ဒေသကို ထိုးစစ်တိုက်ခိုက်လာခဲ့သော်လည်း နောက်ဆုံးမှာ ကိုးကန့်စော်ဘွား၏ ဝိုင်းရံတိုက်ခိုက် ချေမှုန်းမှုအောက်တွင် ချန်ချင်းရှု နှင့် မိုင်းဟုန်ဒေသ နှစ်ခုသာမက ကွမ်းလုံကိုလည်းပြန်လည်သိမ်းပိုက်နိုင်ခဲ့ ပါသည်။ အဲ့ဒီချိန်မှစပြီး ကွမ်းလုံသည် ကိုးကန့်စော်ဘွားလက်အောက်က အရေးကြီးသောမြို့တစ်မြို့ ဖြစ်လာခဲ့သည်။
၁၉၆၉ ခုနှစ်မတိုင်ခင်အချိန်အထိ ကွမ်းလုံဒေသသည် ကိုးကန့်၏ဥပဒေစိုးမိုးမှုအောက်တွင်တည်ရှိခဲ့ပါသည်။ သို့သော် နောက်ပိုင်းမှာအခြေအနေအမျိုးမျိုးကြောင့် စစ်အစိုးရ၏လွမ်းမိုးမှုအောက်သို့ရောက်ရှိသွားခဲ့ရပါသည်။
၁၉၇၀ ခုနှစ်တွင် ဗကပ ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် ကွမ်းလုံတွင်အခြေချ မြန်မာတပ်မတော်ကို အရှိန်အဟုန်ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ ရက်(၄၀)ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း မြန်မာတပ်မတော်၏ တပ်စခန်းများကို မသိမ်းယူနိုင်ခဲ့ပါ။ ထိုအချိန်မှစပြီး ယခုအချိန်ထိ ကွမ်းလုံကို စစ်အစိုးရက ထိန်းချုပ်ခဲ့ပါသည်။ ကွမ်းလုံသည် စစ်ရေးမဟာဗျူဟာအရ အလွန်အရေးကြီးသောကြောင့် မြန်မာတပ်မတော်မှ ၎င်းတပ်စခန်းကို အလွန်ခိုင်မာတဲ့ခံတပ်တစ်ခုအဖြစ် အထူးဂရုပြုတည်ဆောက်ခဲ့ပါသည်။
ယခုတစ်ကြိမ် ကိုးကန့်(MNDAA)နှင့် မဟာမိတ်အဖွဲ့တို့မှ ကွမ်းလုံဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော အောင်မြင်မှုသည် သမိုင်းကြောင်းတွင်အလွန်အရေးကြီးလှသည့်ဖြစ်ရပ်တစ်ရပ်ဖြစ်သလို (၁၀.၂၇) စစ်ဆင်ရေး Operation ကြီးလုပ်ဆောင်လာသည့်အချိန်တလျှောက်လုံးတွင် အများပြည်သူများကို အန်မတန်အားတက်စေ သည့် သတင်းကောင်းတစ်ခုလည်းဖြစ်ပါသည်။
ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းမှ အာဏာသိမ်းစစ်ကောင်စီတို့အား သိက္ခာကျအောင်၊ အထိနာအောင် လုပ်ဆောင်နိုင်ခဲ့သော လုပ်ရပ်တစ်ခုလည်းဖြစ်ပါသည်။




















评论
发表评论