နိုဝင်ဘာလ ၂၉ မှ ၃၀ ရက်နေ့ မဟာမိတ်တပ်ပေါင်းစုများတိုက်ပွဲသတင်း
လားရှိုးနှင့် မူပန်(သိန္နီ)ကိုဆက်သွယ်ထားသောတံတားဖြတ်တောက်ခံရပြီး MNDAAမှ တုန်းရှမ်းဒေသ တပ်စခန်း(၁)ခု ထပ်မံသိမ်းယူခဲ့
ကိုးကန့်မီဒီယာ
-------------------------------------------
၂၀၂၃ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးတစ်ရက်တွင်လည်း မဟာမိတ်တပ်ပေါင်းစုတို့၏ စစ်ကြောင်းအသီးသီးတို့ သည် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဆက်လက်ဆင်နွှဲလျက်ရှိပါသည်။
ကိုးကန့်စစ်ပွဲ
နိုဝင်ဘာလ ၃၀ ရက် နံနက်(၈း၃၀)နာရီခန့်တွင် MNDAAသည် ကိုးကန့်တုန်းချိန်နေရာ၏အပြင်ဘက် နယ်စပ် မှတ်တိုင် (၁၂၆ ၊ ၁၂၇)သို့ ချီတက်လာခဲ့ပြီး တုန်းရှမ်းဒေသ တာရှင်ကျိုင့်နှင့် တိုက်ကြာကျိုင့်နေရာကြားရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိပါသည်။
မူပန်(သိန္နီ)စစ်ပွဲ
နိုဝင်ဘာလ ၂၉ ရက်နေ့ ရန်သူ၏စစ်ကူအဖွဲ့များ တားမြစ်ရန်အတွက် အထူးဒေသ(၁) မူပန်(သိန္နီ)ခရိုင်လုံခြုံရေး တပ်ဖွဲ့မှ လားရှိုးနှင့် မူပန်(သိန္နီ)ဆက်သွယ်ထားသောတံတားကို ဖြတ်တောက်လိုက်ပါသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်အချိန်တွင် MNDAA နှင့် ဒေသလုံခြုံရေးတပ်ဖွဲ့တို့ပူးတွဲပြီး မိုင်းယော်ဒေသ ၊ သန်လွင်အုပ်စုတွင် လှုပ်ရှားနေသောစစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် သုံးကြိမ်တိုင်တိုင် ပစ်ခတ် တိုက်ခိုက်ခဲ့ ပါသည်။
မိမိတို့ဌာနမှ သတင်းများတင်ဆက်သည့်အချိန်ထိ မဟာမိတ်တပ်ပေါင်းစုတို့သည် စစ်ကောင်စီ၏ တပ်စခန်းအကြီး အသေး စုစုပေါင်း(၁၈၆)ခု သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းရွှေဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း နှင့် ကုန်းကြမ်း စသည့် မြို့နယ်(၅)ခုကိုသိမ်းပိုက်ရရှိခဲ့သည့်အပြင် ချင်းရွှေဟော် ၊ မုံးကိုး ၊ ပန်ဆိုင်း နှင့် ကျင်းစန်းကျော် နေရာရှိ နယ်စပ်ဂိတ် (၄)ခုကိုလည်း အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါသည်။
လက်ရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့မှ တစ်နိုင်ငံလုံးအတိုင်းအတာရှိ စုစုပေါင်း မြို့နယ်(၁၈)ခုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။
评论
发表评论