မူပန်(သိန္နီ)တံတားကြီး ဖောက်ခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် မုံးကိုးဒေသသို့ လာရောက် ဗုံးကြဲတိုက်ခိုက်

ကိုးကန့်သတင်းမီဒီယာ

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့

အောက်တိုဘာ ၃၀ ရက်  မူပန်(သိန္နီ)တံတားဖောက်ခွဲခံရ(ပုံ)

       ၃၀ ရက်နေ့ နံနက် (၁း၃၅)နာရီခန့်တွင် မဟာမိတ်အဖွဲ့မှ စစ်ရေးလိုအပ်ချက်အရ  မူပန်(သိန္နီ)တံတားကြီး ကိုဖောက်ခွဲခဲ့ပါသည်။ စစ်ကောင်စီ၏ မြေပြင်စစ်ကူလမ်းကြောင်းများကိုတားမြစ်နိုင်ခဲ့ပါသည်။ နံနက်(၂း၄၅) နာရီတွင် စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဟိုရင့်ရွာကိုလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား (၃)ဦး ဒဏ်ရာရရှိပြီး နေအိမ်(၅)အိမ်ဖျက်ဆီးခံခဲ့ပါသည်။ MNDAAမှ ဒဏ်ရာရလူနာများကို အချိန်မီလာရောက် ကုသကယ်ဆယ်ပေးခဲ့ပါသည်။

အောက်တိုဘာ ၃၀ ရက် MNDAAမှ စစ်ကောင်စီ၏လေကြောင်းဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသောအရပ်သားများကိုကုသကယ်ဆယ်‌‌ပေး(ပုံ)

       နံနက် (၉း၂၂)နာရီတွင် စစ်ကောင်စီတပ်ဖွဲ့၏ တိုက်လေယာဉ်သည် မုံးကိုး‌ဒေသသို့ပျံသန်းလာပြီး မန်ယန်မှ ဖောင်းဆိုင် လမ်းကြားရှိ လုံဖိုင် နှင့် လုံကျန်ဒေသများကို (၃)ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ နံနက်(၉း၃၈)နာရီတွင် MNDAA မှ မာလင်ရှူရွာ၏အပေါ်ဘက်၊ဖောင်းဆိုင်၏လက်ယာဘက်ခြမ်း ခရစ်ယာန်ကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ထိုးစစ်တိုက်ခိုက်ခဲ့ပြီး (၁၀း၀၀) နာရီအချိန်တွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်။ (၉း၅၅) နာရီအချိန်တွင် MNDAAနှင့် ဒေသလုံခြုံရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီ၏ မန်ယန်ရှေ့တန်း အမှတ်(၁၀)တပ်စခန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူခဲ့ပါသည်။

评论