ချင်းရွှေဟော်ဒေသခံများသည် မိမိနေအိမ်သို့ တဖြည်းဖြည်းပြန်လာခဲ့ကြပြီး

 ချင်းရွှေဟော်ဒေသခံများသည် မိမိနေအိမ်သို့ တဖြည်းဖြည်းပြန်လာခဲ့ကြပြီး နေအိမ်များသန်းရှင်းရေးများ လုပ်ဆောင်နေကြကာ  ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့လည်း အုပ်ချုပ်ရေးယန္တရားများကို ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်နေ

ကိုးကန့်သတင်းမီဒီယာ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)၏တပ်အလံကို လွင့်တင်ခဲ့ပြီး ကင်းအဆောင်မှာ MNDAA တပ်သား တာဝန်ယူနေပုံ

အောက်တိုဘာ (၂၇) ရက်နေ့ နံနက်(၄)နာရီခန့်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA) ညီနောင် မဟာမိတ်သုံးဖွဲ့ တို့သည် (၁၀.၂၇) operation ကြီးကိုစတင်ဖော်ဆောင်ခဲ့ပါသည်။ ချင်းရွှေဟော်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းများကို တစ်ခုချင်းစီးနှင်းသိမ်းယူနိုင်ခဲ့ပါသည်။  အောက်တိုဘာ (၂၈)ရက်နေ့တွင်   ချင်းရွှေဟော်ဒေသတစ်ဝိုက်ရှိ   စစ်ကောင်စီတပ်စခန်းများကို  အမြစ်ပြတ်ရှင်းလင်းသိမ်းယူခဲ့ပါသည်။

အောက်တိုဘာ ၂၉ ရက် ချင်းရွှေဟော်နယ်စပ်ဂိတ်လမ်းမအား သန့်ရှင်းရေးလုပ်နေ(ပုံ)

တိုက်ပွဲစတင်ဖြစ်ပွားလာသည်နှင့် တပြိုင်နက် စစ်ဘေးဒုက္ခခံနေရသော ချင်းရွှေဟော်အရပ်သာ များကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) မှ ဘေးကင်းလုံခြုံသည့် နေရာသို့ ပို့ဆောင်လိုက်ပါသည်။ ယခုအချိန် ‌ဒေသပြန်လည်တည်ငြိမ်အေးချမ်းလာပြီး အရပ်သားများလည်း မိမိနေအိမ်ကို တောက်လျှောက်ပြန်လာခဲ့ကာ နေအိမ်သန့်ရှင်းရေးကိုလုပ်နေကြပါသည်။ MNDAA တပ်သားများလည်း နယ်စပ်ဂိတ် ၏ လမ်းမကိုသန့်ရှင်းရေးလုပ်နေကြပါသည်။

အောက်တိုဘာ ၂၉ ရက် ချင်းရွှေဟော်‌မြို့လမ်းမ(ပုံ)

ချင်းရွှေဟော်ဒေသသည် တိုက်ပွဲ၏ဘေးဒဏ်ကိုခံစားရသော်လည်း MNDAA၏ကာကွယ်မှုအောက်တွင် အရပ်သားများ၏စည်းစိမ်ဥစ္စာများ ကြီးကြီးမားမားဆုံးရှုံးမှုမရှိခဲ့ပါ။ အိမ်တွင်းအစောင့်မရှိရင်လည်း နေအိမ်များ ၊ ဆိုင်ခန်းများ ဖျက်ဆီးခံရခြင်းမရှိပါ။ MNDAA မှ  operation မှစတင်ခင်ကတည်းကပင် မြို့မဝင်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး အရာရှိကေဒါနှင့် ရဲဘော်များကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန်၊ စစ်မြေပြင်စည်းမျဉ်းဥပဒေနှင် အများပြည်သူစည်းမျဉ်းဥပဒေများကို တစ်စိုက်မတ်မတ်လိုက်နာဆောင်ရွက်ရန် အသေးစိတ်တောင်းဆိုခဲ့ပါသည်။

စစ်ဘေးရှောင်များ မိမိနေအိမ်ကိုပြန်လာချန်တွင်လည်း “ကျွန်တော် ရဲ့ဆိုင်ခန်းကောင်းကောင်းရှိနေသေးတယ်။” “ဒီနေ့ဆိုင်ကိုပြန်သွားတဲ့အချိန် (MNDAA)ကကျွန်တော်ကိုအကူအညီပေးတယ်။ဒီနေ့ကျွန်တော် အိမ်ကို နှစ်ကြိမ် ပြန်ခဲ့ပါတယ်။ (MNDAA)ရှိလို့သာ ကျွန်တော်မကြောက်တာပါ” ဆိုပြီး ပြောဆိုနေကြ သည်ကိုတွေ့မြင်ရပါသည်။ နောက်တစ်ယောက်ကလည်း “ကျွန်တော့အန်တီအိမ်က မွေးထားတဲ့ ကြက် ၊ ဝက်တွေ အစာငတ်ပြီး ထွက်ပြေး ကုန်ပြီလို့ ထင်ပါတာ၊ အိမ်ရောက်တော့ (MNDAA) ကအစာကောင်းကောင်းကြွေးနေတာ ကိုတွေ့ရတယ်။ (MNDAA)က ကျွန်တော့ဦးလေးကို ယူစရာရှိတာယူပြီး အမြန်သွားတော့ ခဏနေ စစ်ကောင်စီအဖွဲ့က ဗုံးနဲ့လာပစ်မှာကိုစိုးရိမ်တယ်”လို့ မှာကြားပေးပါသည်။ ပြည်သူလူထုတွေလည်း ဒီအချက်အလက်များကို  Video ဖြင့် မှတ်တမ်းတင်ပြီး အွန်လိုင်းပေါ်တင်ခဲ့ကာ  လူအများက ကောင်းမွန်တဲ့ comment  ပေးခဲ့ကြပါသည်။ အချို့သူတွေက စစ်ကောင်စီတပ်ဖွဲ့နှင့် MNDAA တပ်ဖွဲ့တို့ကို ယှဉ်ပြိုင်ခဲ့ပါတယ်။ “ဒါဟာMNDAAတပ်ဖွဲ့ နှင့် ကိုးကန့်ရုပ်သေးအဖွဲ့ ၊ စစ်ကောင်စီအဖွဲ့တို့ရဲ့ကွာခြားမှုဘဲ”ဆိုပြီး နှိုင်းယှဥ်ကြပါသည်။



အောက်တိုဘာ ၂၉ ရက် ချင်းရွှေဟော်ဒေသတွင်ဖွင့်ထားသောဆိုင်ခန်း (ပုံ)

အောက်တိုဘာ (၃၀) ရက်ညပိုင်းတွင် မိမိတို့ မီဒီယာမှ ချင်းရွှေဟော်၏ဒေသကော်မတီအထွေထွေအတွင်းရေးမှူး မစ္စတာ “ဝမ်”ကို ဆက်သွယ်ပြီး မိမိတို့အား ‌ဒေသ၏အခြေအနေအချို့ကိုရှင်းပြပေးခဲ့ပါသည်။

“ချင်းရွှေဟော်ဒေသတွင် ရန်သူတွေမရှိတော့‌ကြောင်း၊  (၂၈)ရက်နေ့ကစပြီး အိမ်တိုင်း လူနှစ်ယောက်စီ ကိုယ့်အိမ်ကိုပြန်ပြီး သန့်ရှင်းရေးလုပ်ရန် စီစဉ်လိုက်ကြောင်း၊ ဒေသအုပ်ချုပ်မှုယန္တရားများ ပြန်လည်ကောင်းမွန် လာရန်နှင့် ဒေသခံတွေအိမ်ပြန်နိုင်ရန်စည်းရုံးနေကြောင်း၊ ဆိုင်ခန်းများ ပြန်လည်ဖွင့်နိုင်ရန် ကြိုးစားနေကြောင်း” မစ္စတာ ဝမ်းက ပြောဆိုရှင်းပြခဲ့ပါသည်။ထိုပြင့် ဆိုင်ခန်းများ သေးသေးမွားမွားဆုံးရှုံးမှုတွေရှိပေမဲ့ MNDAA နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့၏ ကာကွယ်မှုအောက်တွင် ကြီးမားသောဆုံးရှုံးမှုမရှိကြောင်းဟုလည်း ပြောဆိုခဲ့ပါသည်။

 “လက်ရှိအချိန်မှာ မီးမလာသေးသော်လည်း လျှပ်စစ်ဌာနကို မီးကြိုးများစမ်းစစ်ရန်စီစဉ်နေပါတယ်။  အရပ်သားများကို လျှပ်စစ်မီးရအောင်အမြန်ဖြေရှင်းပေးသွားမည်”ဟု မစ္စတာ ဝမ်က ပြောဆိုခဲ့ပါသည်။။

评论