အောက်တိုဘာလ (၃၀) ရက်နေ့ တိုက်ပွဲသတင်းပေါင်းချုပ်

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)သည် စစ်ကောင်စီထံမှ WMA-301 လက်နက်ကြီးတပ်ဆင်ထားသော တင့်ကား(၄)စီး နှင့် တပ်စခန်း(၁၃)ခုကို သိမ်းယူနိုင်ခဲ့

ကိုးကန့်သတင်းမီဒီယာ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်

အောက်တိုဘာ ၃၀ ရက် MNDAA မှ မူပန်(သိန္နီ)အထွေထွေအုပ်ချုပ်‌ရေးဦးစီဌာနကိုသိမ်းယူ(ပုံ)

အောက်တိုဘာ (၃၀) ရက်နေ့  ညီနောက်မဟာမိတ်သုံးဖွဲ့၏   (၁၀၂၇) operation ကြီး ဖော်ဆောင်လာသော (၄)ရက်မြောက်အချိန်ကာလတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA) နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် မုံးကိုး ၊ ကိုးကန့် နှင့် မူပန်(သိန္နီ)ဒေသရှိ  စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းပေါင်း (၁၃)ခုကို ထပ်မံသိမ်းပိုက်ခဲ့ပါသည်။ တိုက်ပွဲတွင်  WMA-301 လက်နက်ကြီးတပ်ဆင်ထားသော တင့်ကား(၄)စီး နှင့် အခြားစစ်ရေးပစ္စည်းအမြောက်အများကို သိမ်းဆည်းရရှိခဲ့ပါသည်။ operation ကြီး စတင်ဖော်ဆောင်ချိန်မှ (၃၀)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းအကြီး၊အသေး၊ ယာယီတပ်စခန်းစုစုပေါင်း(၈၀)ကျော်ကို အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပါသည်။

အောက်တိုဘာ ၃၀ ရက် MNDAA နှင့်AAတို့ ပူးပေါင်းပြီး စစ်ကောင်စီ၏မုံးကိုး၊ကွမ်လွန်တပ်စခန်းကိုသိမ်းယူ(ပုံ)

အောက်တိုဘာ ၃၀ ရက် စစ်ကောင်စီ၏ မုံးကိုး၊ မန်ယန် အမှတ်(၁၁) တပ်စခန်း ကိုသိမ်းယူ(ပုံ)

မုံးကိုး‌ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကိုဖမ်းဆီးရခဲ့(ပုံ)

MNDAAမှ မုံးကိုး၊ဖောင်းဆိုင်တိုက်ပွဲများတွင် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းတစ်စိတ်တစ်ပိုင်း(ပုံ)


မုံးကိုးတိုက်ပွဲ

(၃၀)ရက်နေ့ နံနက် (၉း၃၈)နာရီမှ ညနေ (၇း၃၈)နာရီအချိန်အထိ MNDAAနှင့် AAတို့သည် စစ်ကောင်စီတပ်ဖွဲ့၏ မာလင်ရှူ ရွာ အပေါ်ဘက်ရှိ ခရစ်ယာန်ကျောင်းတွင်အခြေချထားသေား တပ်စခန်း ၊ မန်ယန် အမှတ်(၁၀) တပ်စခန်း ၊  ဖောင်းဆိုင်ခရစ်ယာန်ကျောင်း လက်ဝဲဘက်ရှိ အမှတ်(၁၉) တပ်စခန်း ၊ မန်ယန် အမှတ်(၁၁) တပ်စခန်း ၊ ဖောင်းဆိုင်ပြည်သူ့စစ်အဖွဲ့၏ အမှတ်(၁၃)၊(၁၇)၊(၁၈)တပ်စခန်းဟောင်း ၊ ဖောင်းဆိုင်စေတီ အတွင်းအခြေချထား သည့်  အမှတ်(၁၅)၊(၁၆)တပ်စခန်း ၊ကွမ်လွန်တောင်ကုန်းနှင့် ဖောင်းဆိုင်စေတီ လက်ဝဲ ဘက်ရှိ အမှတ်(၁၄)တပ် စခန်း စသည့် တပ်စခန်း(၁၁)ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့သည်။ ၎င်းတို့အနက် ကွမ်လွန်တောင်ကုန်းတပ် စခန်းကို AA၏ တပ်ရင်း (၁၁၃)က တိုက်ခိုက်သိမ်းယူနိုင်ခြင်းဖြစ်ပါသည်။ MNDAAနှင့် AAတို့၏ (၄)ရက်ကြာ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဖောင်းဆိုင် နှင့် မန်ယန်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးများကို အောင်မြင်စွာ ရှင်းလင်းသိမ်းယူနိုင်ခဲ့ပါသည်။ ယနေ့တစ်နေကုန်တွင် MNDAAတပ်ဖွဲ့မှ  စစ်မြေပြင်ရှင်းလင်းရေး ကို ဆက်တိုက်လုပ်ဆောင်နေပါသည်။

အောက်တိုဘာ( ၂၉) ရက်နေ့တွင် MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ WMA-301 လက်နက်ကြီးတပ်ဆင် ထားသော တင့်ကား(၁)စီးကိုသိမ်းဆည်းရရှိခဲ့ပါသည်။ ထို့ပြင် ဖောင်းဆိုင် နှင့် လုံးဖိုင်ဒေသတွင် တင့်ကား(၂)စီး ကိုဖျက်ဆီးနိုင်ခဲ့ပါသည်။ ချင်းရွှေဟော် မာကျတိပေါက်ပေါက်တောင်ကုန်း(ရာဘာကုန်း)တွင်လည်း သံချပ်ကာ ကား(၂) စီးကိုဖျက်ဆီး သိမ်းဆည်းနိုင်ခဲ့ပါသည်။ တင့်ကားနှင့် သံချပ်ကာ စုစုပေါင်း (၅)စီး သိမ်းဆည်းရရှိခဲ့သည့် အပြင် စစ်ကောင်စီတပ်ဖွဲ့ မှ သံချပ်ကာတပ်ရင်း(၇၄)မှ ဒုရင်းမှူးနှင့် တပ်စုမှူး နှစ်ယောက်ကိုလည်း ဖမ်းဆီးရမိ ပါသည်။

(၃၀)ရက်နေ့ နံနက်(၉း၂၂)နာရီနှင့် ညနေ(၄း၁၁)နာရီ အချိန်နှစ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် မန်ယန်မှ ဖောင်းဆိုင်ဒေသ ကြားရှိ လုံးဖိုင် ၊ လုံကျန် နှင့် ဖောင်းဆိုင်တောင်ကုန်းများကို တိုက်လေယာဉ်ဖြင့် (၄)ကြိမ် တိုင်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။


ကိုးကန့်စစ်ပွဲ

(၃၀) ရက်နေ့ နေ့လည်( ၁၂ )နာရီအချိန်ခန့်  MNDAAတပ်သည် ကိုးကန့်ခရိုင်၊တုန်းရှမ်းဒေသ၊ တာတုံဝါ အနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ထိုးစစ်တိုက်ခိုက်ကာ ညနေ (၅း၃၀)အချိန်တွင် အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါသည်။ ထို့ပြင်  MNDAAသည် ကိုးကန့်ခရိုင်၊ရှင်းဝမ်ဒေသ ၊ ရှင်ဟွာကျေးရွာ ၊ ရှောက်တင့်ပနေရာရှိ စစ်ကောင်စီ၏ လက်နက်ကြီးစိန်ပြောင်း(၂)ခုကိုလည်း ဖျက်ဆီးခဲ့ပါသည်။ ( ၂၉) ရက်နေ့မှ (၃၀)ရက်နေ့နေ့လည်အချိန်ထိ MNDAA သည် စစ်ကောင်စီ၏ မန်တုံပနေရာမှ ရန်တော်စံနေရာသို့      စစ်ကူလာ သောစစ်ကြောင်းကို ရှမ်ရင့်တုံနေရာမှတစ်ဆင့် ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်သုံ့ပန်(၄)ယောက်ကိုဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့ပါသည်။

အောက်တိုဘာ ၃၀ ရက် ကိုးကန့်ရှောက်တင့်ပရှိစစ်ကောင်စီ၏စိန်ပြောင်း(၂)ခုကိုဖျက်ဆီး(ပုံ)

မူပန်(သိန္နီ)တိုက်ပွဲ

(၃၀)ရက်နေ့ နံနက်(၂း၄၀)နာရီခန့် စစ်ကောင်စီတပ်ဖွဲ့သည် MNDAAမှ သိမ်းယူလိုက်သော လားရှိုးအရှေ့ဘက် ကွမ်ယုံတောင်ကုန်းစခန်းကို ပြန်လည်တိုက်ခိုက်ရန် ကြံရွယ်ပြီး နှစ်ဦးနှစ်ဖက်မှ တိုက်ပွဲဖြစ်ပွားကာ (၃း၂၀)နာရီ အချိန်တွင်  စစ်ကောင်စီတပ်ဖွဲ့ကို အထိနာနောက်ပြန်ဆုတ်အောင် ခုခံတိုက်ခိုက်နိုင်ခဲ့ပါသည်။ နံနက် (၄း၁၇)နာရီ အချိန်တွင် MNDAAသည် စစ်ကောင်စီ၏ မာချီနှောဂိတ်နှင့် တပ်စခန်း(၂)ခုကို ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက် ကာ စစ်ကောင်စီဘက်မှ (၂)ဦးဒဏ်ရာရရှိခဲ့ပါသည်။ နံနက်(၄း၁၀)နာရီအချိန် မူပန်(သိန္နီ)တံတားကြီးကို ဖောက်ခွဲ နိုင်ခဲ့ပြီး နေ့လည် (၁၁) နာရီအချိန်တွင် မူပန်(သိန္နီ)မြို့နယ်၏ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံးကို တိုက်ခိုက် သိမ်းယူခဲ့သည်။

MNDAAမှ မူပန်(သိန္နီ)တိုက်ပွဲတွင် သိမ်းဆည်းရရှိသောစစ်ကောင်စီ၏လက်နက်ခဲယမ်း(ပုံ)

အောက်တိုဘာ ၃၀ ရက် ဖျက်ဆီးခံရသောမူပန်(သိန္နီ)တံတား

评论