အောက်တိုဘာလ (၂၉) ရက်နေ့ တိုက်ပွဲသတင်းပေါင်းချုပ်

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)မှ စစ်သုံ့ပန်း   (၃၇) ဦးကို ဖမ်းဆီး ရရှိခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ ဝင်အယောက်(၃၀)ကို ပြန်လည်ဖွဲ့စည်းခဲ့ကာ တပ်စခန်း( ၂၁) ခုထပ်မံသိမ်းယူနိုင်ခဲ့

ကိုးကန့်သတင်းမီဒီယာ

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့

အောက်တိုဘာ (၂၉) ရက် MNDAAမှ ရန်သက်ရှမ်း(ရန်တော်စံ)စခန်းကိုသိမ်းယူခဲ့ပြီး ရှင်းလင်းရေးလုပ်နေ(ပုံ)

      မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ အလကန်တပ်တော်(AA)တို့ညီနောင်မဟာမိတ်(၃) ဖွဲ့ ၏ (၁၀၂၇စစ်ဆင်ရေး) operation ကြီး ဖော်ဆောင်ခဲ့သော (၃)ရက်မြောက်တွင် MNDAA သည် အောင်ပွဲများဆက်လက်ရရှိခဲ့ပါသည်။ ကိုးကန့် ဒေသ ရာခုတ်ကိုင်စခန်း ၊ ရန်သက်ရှမ်း(ရန်တော်စံ) စခန်း စသည့်စစ်ကောင်စီ၏ (၁၀)နှစ်ကျော်ကြာတပ်တည်ထား သော စခန်းကြီးကို တစ်ခုချင်းစီ တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ မုံးကိုး နှင့် မူပန်(သိန္နီ)ဘက်တွင်လည်း အောင်မြင်မှု အသစ်များရရှိခဲ့ကြပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ်ထံမှ စစ်သုံ့ပန် (၃၇)ဦး ဖမ်းဆီးရမိခဲ့ ပြီး နန်ကျွမ်းပြည်သူ့စစ်အဖွဲ့ကိုလည်းပြန်လည်စည်းရုံးခဲ့ကာ လူအင်အား (၃၀)ကျော်မှ MNDAA၏ ပြန်လည် ဖွဲ့စည်းမှုကိုလက်ခံခဲ့ကြပါသည်။

အောက်တိုဘာ (၂၉)ရက် ရန်သက်ရှမ်း(ရန်တော်စံ)စခန်းမှသိမ်းဆည်းရရှိခဲ့သောလက်နက်ခဲယမ်း(ပုံ)

အောက်တိုဘာ(၂၉)ရက်ရန်သက်ရှမ်း(ရန်တော်စံ)စခန်းမှဖမ်းဆီးရရှိသောစစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့ဝင်(ပုံ)

ကိုးကန့်တိုက်ပွဲ

       MNDAA ပူးပေါင်းတပ်ဖွဲ့သည် ရန်သက်ရှမ်း (ရန်တော်စံ)တပ်စခန်းကို နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် (၂၉)ရက်နေ့လည် ၁၂ နာရီအချိန်တွင် ၎င်းတပ်စခန်းကြီးကိုသိမ်းယူခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်များ စုစုပေါင်း (၁၇)ယောက်ကိုချေမှုန်းနိုင်ခဲ့ပြီး (၃၂)ဦး ကို ဖမ်းဆီးရမိကာ စစ်ပစ္စည်းအချို့လည်း သိမ်းဆည်းရရှိခဲ့ပါသည်။ MNDAA ၏ အဆက်မပြတ် ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကြောင့် ၎င်းတပ်စခန်းရှိရန်သူတို့မှာအရပ်ဝတ်စုံ လှဲဝတ်ဆင်ပြီး ထွက်ပြေးခဲ့ကြပါ သည်။ အချို့စစ်သုံ့ပန်သည် ထွက်ပြေးနေစဥ်မှာဖမ်းဆီးခံရခြင်းဖြစ်သည်။ ညနေ (၁၆း၁၅) နာရီတွင် စစ်ကောင်စီ တပ်ဖွဲ့သည် MNDAA သိမ်းယူလိုက်သောတပ်စခန်းကို တိုက်လေယာဉ်ဖြင့် တစ်ကြိမ်လာရောက် ဗုံးကြဲပစ်ခတ် ခဲ့ပါသည်။

အောက်တိုဘာ (၂၉)ရက် ရန်သက်ရှမ်း(ရန်တော်စံ)တပ်စခန်းမှ ထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များအား ပြန်လည်ဖမ်းဆီးရမိ(ပုံ)

အောက်တိုဘာ (၂၉)ရက် ရန်သက်ရှမ်း(ရန်တော်စံ)တိုက်ပွဲတွင် ချေမှုန်းခဲ့သောစစ်ကောင်စီတပ်ဖွဲ့ဝင်(ပုံ)

       နံနက် (၈း၃၀) နာရီခန့်တွင် MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ စကခ(၁၆) လက်အောက်ခံ တပ်ရင်း(၅၆၇) အခြေချနေထိုင်သော ရာခုတ်ကိုင်တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ (၂)နာရီကျော်ကြာတိုက်ပွဲများ ဖြစပွားခဲ့ပြီး  (၁၀း၃၀) နာရီခန့်အချိန်တွင်  စစ်ကောင်စီ၏ (၁၀)နှစ်ကျော်အခြေချနေထိုင်လာသော တပ်စခန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါသည်။ တိုက်ပွဲတွင် စစ်သုံ့ပန်(၁)ယောက်ဖမ်းဆီးရရှိပြီး ၆၀ မမ ကျည်(၃၁)လုံး ၊ လက်ပစ်ဗုံး(၁၄၂)လုံး ၊ အီနာဂါဗုံး(၃)လုံး ၊ RPG-၇ကျည်(၁၈)လုံး ၊ ကျည်ဘောက် (၅)ခု ၊ စက်လက်ကျည်(၁၅၀၀)တောင့် ၊ 5.56ကျည်(၂၂၀၀)ကျော် ၊ နှင်းမိုင်း(၂)ခု ၊ စစ်မြေပုံ(၁)ချပ်နှင့် ဘက်ထရီ(၁)လုံး စသည့်စစ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်။

       ညနေ (၁၅း၂၇) နာရီခန့်တွင် MNDAA မှ  ရန်သက်ရှမ်း(ရန်တော်စံ)တပ်စခန်းသို့ စစ်ကူလာသောစစ်ကောင်စီအဖွဲ့ ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသည်။

အောက်တိုဘာ ၂၉ ရက် MNDAAမှ ရန်သက်ရှမ်း(ရန်တောစံ)တပ်စခန်းကို သိမ်းယူရရှိ(ပုံ)

အောက်တိုဘာ ၂၉ ရက် စစ်ကောင်စီ၏မုံးကိုးဒေသရှိ တပ်စခန်းကိုသိမ်းယူ(ပုံ)


မုံးကိုးတိုက်ပွဲ

       (၂၉)ရက်နေ့ နံနက် (၈း၄၄) နာရီအချိန်မှစ၍ MNDAA နှင့် ‌ဒေသလုံခြုံရေးအဖွဲ့တို့ပူးပေါင်းပြီး မုံးကိုးဒေသ မန်းယန် ၊ ကွမ်ထန် ၊ ပိုက်ဖိန်‌ပေါက်ပေါက်တောင်ကုန်း ၊ ဖောင်းဆိုင် ၊ ကွမ်းလွန် စသည့်နေရာရှိ စစ်ကောင်စီ တပ်ဖွဲ့၏ တပ်စခန်းကို တစ်ခုချင်းစီ အမြစ်ပြတ်တိုက်ခိုက်သိမ်းယူခဲ့သည်။ ညနေ (၁၈း၂၆) နာရီအချိန်တွင် စုစုပေါင်းတပ်စခန်း (၁၂) ခုအောင်မြင်စွာသိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရရှိ ခဲ့ပါသည်။ ဖောင်းဆိုင်တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးတပ်ဆင်ထားသော သံချပ်ကာကားတစ်စီးကို ထပ်မံ ဖျက်ဆီးခဲ့ပါသည်။

အောက်တိုဘာ (၂၉) စစ်ကောင်စီ၏မုံးကိုးဒေသရှိ တပ်စခန်းတွင် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်း(ပုံ)

အောက်တိုဘာ ၂၉ ရက် စစ်ကောင်စီတပ်၏ မုံးကိုးဒေသတပ်စခန်းကိုသိမ်းယူ(ပုံ)

      အောက်တိုဘာ ၂၉ ရက် စစ်ကောင်စီ၏ မုံးကိုးဒေသရှိ တပ်စခန်းတွင် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်း(ပုံ)

       နံနက် (၆း၄၀) နာရီးနှင့် (၁၃)နာရီ အချိန် နှစ်ခုတွင် MNDAAသည် မိုင်းကျက်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့နှင့်   ‌ဒေသလုံခြုံရေးအဖွဲ့တို့၏    ပူးပေါင်းစစ်ဆင်ရေးဖြင့် နန်ကျွမ်းဒေသရှိ  “ချိန်ရှောက်လူ”ပြည်သူ့စစ်ကိုစည်းရုံးနိုင်ခဲ့ကာ လူအင်အား (၃၀)ကျော်ကို ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။


မူပန်(သိန္နီ)စစ်တိုက်ပွဲ

(၂၉) ရက် နံနက် (၄း၄၀) နာရီအချိန်တွင် MNDAAသည် လားရှိုးအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ “ကွမ်ယုံယာယီ”တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး( ၆း၄၀)နာရီတွင် အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်သုံ့ပန်(၄)ယောက်ဖမ်းဆီးရရှိပြီး  ၆၀ မမ ကျည်(၈၄)လုံး၊ လက်ပစ်ဗုံး(၈၈)လုံး ၊ စနတ်တံ(၁၉)ချောင်း ၊ 5.56 ကျည်ဘောက်(၁)ခု  ၊ ရိုင်ဖယ်(၁၀)လက် ၊ MG3စက်လက် (၂)လက် ၊ MG3  သေနတ်ပြောင်း(၁)ချောင်း ၊ စိန်‌ပြောင်း (၁)လက်၊ စကားပြောစက်(၁၈)ခု ၊ စက်လက်ကျည် (၁၂၀၇)တောင့်၊ ကျည်တွဲ(၇)တွဲ ၊ ဆက်သွယ်‌ရေးစက် (၁)စက် ၊ ရိုင်ဖယ်ကျည်ဘောက်(၃၈)ခု စသည့် စစ်ရေးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ပါသည်။

အောက်တိုဘာ ၂၉ ရက် စစ်ကောင်စီ၏ မူပန်(သိန္နီ)ရဲစခန်းကိုချေမှုန်းနိုင်ခဲ့(ပုံ)

       ထို့နောက် MNDAA  မှ စစ်ကောင်စီ၏ မူပန်ရဲစခန်း ၊မူပန်တံတား ၊ နမ့်ဘွမ်တပ်စခန်း ၊  နမ့်ဘွမ်ရဲစခန်းနှင့် မာချီနှောစခန်း စသည့် စခန်း(၅)ခုကို ထိုးစစ်တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ နမ့်ဘွမ် စခန်းသိမ်းပွဲတွင် စစ်ကောင်စီ ဘက်မှ (၁)ယောက်ကျဆုံးပြီး(၅)ယောက်ဒဏ်ရာရရှိခဲ့ပါသည်။ ထို့ပြင် လက်ပစ်ဗုံး(၅)လုံး ၊ ၄၀ မမကျည်(၂၈)လုံး ၊ ရှေ့ထွက်မိုင်း(၃)ခု ၊ စကားပြောစက်(၂)ခု ၊ 5.56ကျည်(၁၃၂)တောင့် စသည့် စစ်ရေးပစ္စည်းများကိုသိမ်းဆည်း ရရှိခဲ့ပါသည်။

        (၂၉)ရက်နေ့ တစ်နေ့တာတိုက်ပွဲများတွင် MNDAA မှ စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၂၁)ခု သိမ်းယူနိုင် ခဲ့ပါသည်။ အောက်တိုဘာ (၂၇) ရက် မှ( ၂၉) ရက်နေ့ အထိ (၃)ရက်တာအချိန်ကာလတွင်  ညီနောင်မဟာမိတ် (၃)ဖွဲ့မှ စစ်ကောင်စီ၏ တပ်စခန်း စုစုပေါင်း(၆၇)ခုကို သိမ်းယူနိုင်ခဲ့သည်ဟု သိရှိရပါသည်။

        မြေပြင်သတင်းအချက်အလက်အရ-အောက်တိုဘာ( ၂၈) ရက်နေ့မှစပြီး စစ်ကောင်စီတပ်ဖွဲ့သည် မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင့် နယ်စပ်ဂိတ် နှင့် နယ်စပ်မှတ်တိုင် (၁၂၇)ကြားတွင် မိုင်းထောင်ထားသည်ဟု သိရပါသည်။ နယ်စပ်မှတ်တိုင် (၁၂၃) မှ (၁၂၆)ကြားတွင် မိုင်းများပို၍သိပ်တည်းလာသည်ဟု သိရှိရပါသည်။ အောက်တိုဘာ( ၂၈) ရက်တိုက်ပွဲတွင် ကိုးကန့်ခရိုင် ရှိယွင်ကျီရွာရှိ စစ်ကောင်စီ၏ (၁၂၈)ဗျူဟာကုန်းမှ ဒု-ဗျူ ဟာမှူးသည် မိုင်းဟွာချင်းရာခုတ်နေရာတွင် ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးခဲ့ပြီး (၁)ယောက်ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရပါသည်။

         ယခုရက်ပိုင်းတိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်(AA)မှ တပ်ရင်း(၃၃) (၁၁၃)တို့အပါအဝင် တပ်ရင်း (၁၀)ရင်းခန့် MNDAA တပ်ဖွဲ့နှင့်ပူးပေါင်းပြီး  စစ်ဆင်ရေး Operation ကြီးကို အတူတကွလက်တွဲဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် ညီနောင်တ‌အာင်းတပ်တော်အဖွဲ့အစည်းသည်လည်း ပြည်ထောင်စုလမ်းမတလျှောက်တွင် ပူးတွဲ စစ်ဆင်ရေးများကို လုပ်ဆောင်နေကြပါသည်။

评论

  1. 必须干倒四大家族

    回复删除
  2. 我在果敢老街步行街附近,附近有一家医院。一个名字是大地国际的建筑。这里有200名左右中国人是被骗过来。被限制自由羁押的中国人。请速来.

    回复删除

发表评论