မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) မှ မုံးကိုး ၊လားရှိုး နှင့် ကိုးကန့်ဒေသ တလျှောက်ရှိ စစ်ကောင်စီ၏တပ်စခန်းကို ဆက်လက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့
ကိုးကန့်သတင်းမီဒီယာ
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)သည် ယနေ့ နေ့လည် ၁၁ နာရီအချိန်ထိ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်လာပြီး ကိုးကန့် ၊ မုံးကိုး ၊ လားရှိုး ၊ မူပန် ၊ နမ့်ဆလပ်စသည့်နေရာရှိ စစ်ကောင်စီ၏တပ်စခန်းပေါင်း(၁၁)ခုကို တိုက်ခိုက်သိမ်းယူပြီး စစ်သုံ့ပန်(၁၀)ဦးဖမ်းဆီးရရှိပါသည်။ ယခုလက်ရှိ သိမ်းယူနိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းစုစုပေါင်းမှာ (၅၇)ခုရှိခဲ့ပါသည်။
စစ်ကောင်စီတို့သည် တိုက်လေယာဉ်ဖြင့် ကိုးကန့်ဒေသသို့လာရောက်ဗုံးကြဲပစ်ခတ်မှုကြောင့် ချင်းရွှေဟော်ဒေသ ညိုဖင်ကျီပရွာနှင့် မာလီဖင်ရွာရှိ အရပ်သားများ၏နေအိမ်များဖျက်ဆီးခံရပါသည်။
မန်ယန်စခန်းအတွင်းရှိ Jammer စက် (ပုံ)
မုံးကိုးဒေသတိုက်ပွဲ
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)သည် မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီ၏တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ကာ ၂၈ ရက်နေ့ ညအချိန်တွင် ၎င်းတပ်စခန်း၏ (၁) ၊ (၂) ၊ (၃) နေရာ(၃)ခုကိုသိမ်းယူနိုင်ခဲ့သည်။ ယနေ့ နံနက်အချိန် ၎င်းတပ်စခန်းကိုဆက်လက် ထိုးစစ်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ၎င်းတပ်စခန်းမှ ကျန်ရှိသည့် (၄) ၊ (၅) ၊ (၆)နေရာ(၃)ခုကိုကို ဆက်လက်သိမ်းယူခဲ့ပါသည်။ လက်ရှိ မုံးကိုးခရိုင် မန်ယန်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)မှ တိုက်ခိုက်သိမ်းယူခဲ့သည်။ ၁၀ နာရီ ၂၅ မိနစ်ခန့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)သည် မုံးကိုးခရိုင်၊ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်း၏ မျက်နှာချင်းဆိုင် အမည်မသိသောတောင်ကုန်းတစ်ခုပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက် ကာ တပ်စခန်းကိုသိမ်းယူနိုင်ခဲ့ပါသည်။
လားရှိုးမြို့အရှေ့ဘက်ခြမ်းရှိ ကွမ်ယုံပေါက်ပေါက်တပ်စခန်း (၂)ခုမှ သိမ်းဆည်းရရှိသော စစ်ရေးပစ္စည်း (ပုံ)
လားရှိုးမှ နမ့်ဆလပ်စစ်ဆင်ရေး
ယနေ့နံနက် ၄ နာရီ၄၀ မိနစ်မှ ၆ နာရီ ၄၀ မိနစ်အချိန်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)သည် လားရှိုးအရှေ့ဘက် ကွမ်ယုံပေါက်ပေါက်တောင်ကုန်းရှိ စစ်ကောင်စီ၏ တပ်စခန်း(၂)ခုကို ထိုးစစ်တိုက်ခိုက်ကာ ဒရုန်းကိုနှောက်ယှက်စေနိုင်သည့်စက်ပစ္စည်းအချို့နှင့် စစ် ပစ္စည်း အချို့သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်(၄)ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။ ၉ နာရီ ၄၅ မိနစ်အချိန် တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)သည် မူပန်ရဲစခန်းကိုတိုက်ခိုက် သိမ်းယူခဲ့ပြီး ပီစတို(၄)လက်အပါအဝင် စစ်ပစ္စည်းအချို့သိမ်းရှိရမည့်သည်။ ၉ နာရီမှ ၁၀ နာရီ ၁၅မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့၏ မာချီနှောတပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့သည်။ ၎င်းတပ်စခန်းကို ဒုတိယအကြိမ် တိုက် ခိုက်သိမ်းယူခြင်းဖြစ်သည်။ ပထမအကြိမ်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA)သည် ၎င်းတပ်စခန်းကိုတိုက်ခိုက်ပြီးနောက် ထွက်ခွာခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့များမှ နောက် တစ်ကြိမ်ပြန်လည်ဝင်ရောက်အခြေချနေထိုင်ကာ ထပ်မံပစ်ခတ်တိုက်ခိုက်ခံရပါသည်။
၂၉ ရက်နေ့ သိန္နီမြို့နယ် မာချီနှောတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့(ပုံ)
အောက်တိုဘာလ ၂၈ ရက်နေ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)သည် နမ့်ဆလပ်ရဲစခန်းကိုတိုက်ခိုက်သိမ်းယူခဲ့ကာ မြန်မာငွေ သိန်း(၂၀၀)ကျော်နှင့် အခြား ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ပါသည်။
ကိုးကန့်ဒေသ ရန်သက်ရှမ်းတောင်ကုန်းမှ အရပ်သားဝတ်စုံဖြင့်ထွက်ပြေးလာသော စကစ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရရှိ (ပုံ)
ကိုးကန့်ဒေသတိုက်ပွဲ
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)သည် တုံရှမ်းဒေသ ရန်သက်ရှမ်း တောင်ကုန်းပေါ် ရှိ စစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ MNDAA ၏ နှစ်ရက်ကြာ အဆက်မပြက် ထိုးစစ်ဆင်တိုက်ခိုက်မှုဖြင့် ၎င်းတပ်စခန်းကို သိမ်းယူနိုင်ခဲ့သည်။ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)မှ အင်အားအရှိန်အဟုန်ဖြင့် တိုက်ခိုက်မှုအောက်တွင် ၎င်းတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်ဝတ်ဆင်ပြီး ထွက်ပြေး ကြပြီး စစ်သုံ့ပန် (၈)ဦး ကိုဖမ်းဆီးရမိပါသည်။ ထို့ပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်အအလောင်း(၇) လောင်းကို တွေ့ရှိရပါသည်။ ၁၀ နာရီ၁၅ မိနစ်ခန့် တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)မှ အင်အားတစ်စုသည် ရာခုတ်ကိုင်ရွာ အနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။
စကစ ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်များ ပျက်စီးသွားခဲ့ရ (ပုံ)
ယနေ့နံနက် ၃ နာရီ ၈ မိနစ်ခန့် နှင့် ၉ နာရီခန့် အချိန်များတွင်စစ်ကောင်စီတပ်ဖွဲ့သည် တိုက်လေယာဉ်ဖြင့် ကိုးကန့်ချင်းရွှေဟော်ဒေသ မာလီဖင်ရွာ နှင့် ညိုဖင်ကျီပရွာကို ဗုံးကြဲပစ်ခတ်ကာ အရပ်သားနေအိမ်များ ဖျက်ဆီး ခံရပါသည်။ သို့သော် လူဒဏ်ရာရသေဆုံးမှုမရှိပါ။ နောက်သတင်းအချက်အလက်အရ စစ်ကောင်စီတပ်ဖွဲ့၏ စကခ(၁၆)၏ စကခမှူးသည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)တို့ ထိုးစစ်တိုက်ခိုက်ချိန် ကျဆုံးသွားသည်ကိုသိရှိရပါသည်။ အချက်အလက်မှန်ကန်မှုကို စုံစမ်းနေဆဲရှိသည်။
评论
发表评论