ကိုးကန့်(MNDAA)မှ ကိုးကန့်ခရိုင်ရှိ ဟိုကျီတုံတပ်စခန်း အပါအဝင် တပ်စခန်း (၄)ကို ထပ်မံသိမ်းယူနိုင်ခဲ့

 မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)မှ ကိုးကန့်ခရိုင်ရှိ ဟိုကျီတုံတပ်စခန်း အပါအဝင် တပ်စခန်း (၄)ကို ထပ်မံသိမ်းယူနိုင်ခဲ့

ကိုးကန့်သတင်းမီဒီယာ

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်

အောက်တိုဘာ ၃၁ ရက် (MNDAA)မှ စစ်ကောင်စီ၏ ဟိုကျီတုံတပ်စခန်းကိုသိမ်းယူသော မြေပုံညွှန်း

အောက်တိုဘာ (၃၀) မှ (၃၁) ရက်နေ့ နံနက်(၁၀)နာရီခန့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA) နှင့် ရက္ခိုင့်တပ်တော်(AA) တို့သည်  စစ်ကောင်စီတပ်၏ တပ်စခန်း (၄) ခုကို ဆက်လက်တိုက် ခိုက်သိမ်းယူခဲ့ပါသည်။


မူပန်(သိန္နီ)တိုက်ပွဲ

အောက်တိုဘာ( ၃၀) ရက်နေ့ ညနေ(၅း၂၀)နာရီခန့် တွင် MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ မူပန်(သိန္နီ)ဒေသ ၊ ဟိုပန်ကျေးရွာ ၊ မိုင်းတင်ရာဘာတောင်ကုန်းရှိ တပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ ထိုနေ့ည(၁၀)နာရီ ခန့်တွင် ရက္ခိုင့်တပ်တော်(AA)မှ နာတီရွာတစ်ဝိုက်တွင် အခြေချသော စစ်ကောင်စီတပ်ဖွဲ့၏လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၏တပ်စခန်းကိုလည်း တိုက်ခိုက်သိမ်းယူခဲ့ပါသည်။

အောက်တိုဘာ ၃၁ ရက် (MNDAA)မှ စစ်ကောင်စီ၏ ဟိုကျီတုံတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုချေမှုန်းနိုင်ခဲ့(ပုံ)


ကိုးကန့်တိုက်ပွဲ

ယနေ့နံနက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)သည် ကိုးကန့်ခရိုင် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဟိုကျီတုံ တပ်စခန်း(၂)ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး     နံနက် (၈း၂၀)နာရီခန့်တွင်  ၎င်းတပ်စခန်း(၂)ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့သည်။ မိမိတို့မီဒီယာဤသတင်းရရှိစဉ်တွင် MNDAA သည် ၎င်းတပ်စခန်းများကို ရှင်းလင်းရေးလုပ်ဆောင်နေဆဲဟု သိရှိရပါသည်။

评论