စစ်ကောင်စီ၏ ချင်းရွှေဟော် လူဝင်မှုကြည့်ကြပ်ရေးရုံးမှဝန်ထမ်းများသည် မိသားစု ဝင်များခေါ် ဆောင်ကာ ဒုက္ခသည်အဖြစ်ရုပ်ဖြတ်ပြီး လောက်ကိုင်မှထွက်ပြေးစဉ် ဖမ်းဆီးခံရ

ကိုးကန့်မီဒီယာ


MNDAAမှ သက်ဆိုင်ရာလမ်းကြောင်းများဖွင့်လှစ်ပေးပြီးနောက် လောက်ကိုင်ဒေသတွင်ပိတ်မိနေသော ဒုက္ခသည်များသည် ရှီးယွင်ကြည်မှ ချင်းရွှေဟော်တစ်ဆင့် လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့လာနေကြပါသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ည စစ်ကောင်စီ၏ ချင်းရွှေဟော် လူဝင်မှုကြည့်ကြပ်ရေးရုံးမှ တာဝန်ခံတစ်ဦး နှင့်ဒုတာဝန်ခံသုံးဦးတို့သည်     မိသားစုဝင်အပါအဝင်(၇)ဦးများနှင့်အတူ    ဒုက္ခသည်အဖြစ်ရုပ်ဖြတ်ပြီး ဇဝေဇဝါဖြင့် အောက်ပြည်သို့ထွက်ပြေးရန်ကြံရွယ်ခဲ့ပါသည်။ သို့သော် ချင်းရွှေဟော်စစ်ဆေးရေးဂိတ်ဖြတ်သန်း စဉ်  MNDAAအရာရှိတစ်ဦးမှ သူတို့ကိုတွေ့မြင်သိရှိပြီး ချက်ချင်းဖမ်းဆီးလိုက်ပါသည်။


ချင်းရွှေဟော် လဝကရုံးမှ တာဝန်ခံများ စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးခံရပုံ


၎င်းတို့ပြောကြားချက်အရ အောက်တိုဘာလ (၂၇) ရက်နေ့ (၁၀၂၇)စစ်ဆင်ရေး Operationကြီး ‌ဖော်ဆောင်လာ သည်နှင့်အမျှ လဝကရုံးတာဝန်ခံ စိုးသက်ချမ်းနှင့် ဒုတာဝန်ခံ ကျော်ဇော်လင် ၊ ဝင်းထွန်းနှင့် ဝင်းညှိုဦးတို့သည် မိသားစုဝင်များခေါ်ဆောင်ပြီး တရုတ်ပြည်ထဲသို့ ဝင်ရောက်တိမ်းရှောင်ခဲ့ကာ ရက်ပေါင်းများစွာတိမ်းရှောင် နေထိုင်ခဲ့ပြီးနောက် ၎င်းတို့သည် ကိုးကန့်ဒေသ (၁၂၅)နယ်စပ်ဂိတ်ပေါက်မှထွက်လာပြီး လောက်ကိုင်ဒေသသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ လဝကရုံးတာဝန်ခံ စိုးသက်ချမ်း၏ဇနီးသည် ချင်းရွှေဟော်တိုက်ပွဲစတင်ဖြစ်ပွား သောနေ့တွင် သေဆုံးခဲ့ပါသည်။

တစ်ညချုပ်နှောင်ခံရပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့နံနက်အချိန်တွင် ချင်းရွှေဟော်စစ်ဆေးရေးဂိတ်မှ တာဝန်ခံသည် စိုးသက်ချမ်းတို့အဖွဲ့ကို လူသားချင်းစာနာထောက်ထားမှုအရ လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါသည်။ လက်ရှိ စိုးသက်ချမ်းအဖွဲ့တို့သည် ကားမောင်းနှင်းပြီး လားရှိုးဘက်သို့ဆင်းသွားကြပါသည်။

ချင်းရွှေဟော် လဝကရုံးမှ တာဝန်ခံများနှင့် မိသားစုဝင်များဖမ်းဆီခံရပုံ

သူတို့ကိုလွှတ်ငြိမ်းချမ်းသာခွင့်ပေးချိန်တွင် MNDAAမှ သက်ဆိုင်ရာတာဝန်ရှိသူမှ စိုးသက်ချမ်းအဖွဲ့တို့အား“MNDAA၏ နိုင်ငံရေးရည်မှန်းချက်သည် နိုင်ငံတော်အာဏာကို မတရားလုယူသော စစ်ကောင်စီအာဏာရှင် တပ်ဖွဲ့ကို တိုက်ဖျက်ခြင်းဖြစ်သည်။ အတင်းအကျပ်ခိုင်းစေသူများကို အ‌ရေးမယူပါ ။ သို့သော် နောက်နှောင် စစ်ကောင်စီတပ်ဖွဲ့ထံဆက်လက်၍ ဝာာဝန်မထမ်းဆောင်ရ ၊ MNDAAနှင့် တိုင်းရင်းသားအသီးသီးတို့၏ အကျိုးများထိခိုက်စေနိုင်သောအလုပ်မလုပ်ရ၊ တွေ့ရှိပါကပြင်းထန်စွာအ‌ရေးယူသွားပါမည် ”ဟုသတိပေး ပြောကြားခဲ့ပါသည်။


评论