နိုဝင်ဘာလ ၂၇ ရက်နေ့ မဟာမိတ်တပ်ဖွဲ့တို့တိုက်ပွဲသတင်းများ

 နိုဝင်ဘာလ ၂၇ ရက်နေ့ မဟာမိတ်တပ်ဖွဲ့တို့တိုက်ပွဲသတင်းများ——ကိုးကန့်ကုန်ကြမ်းတပ်စခန်း(၁)ခုနှင့် ကျောက်မဲစစ်ဆေးရေးဂိတ်ကိုသိမ်းပိုက်ပြီး တပ်ရင်းမှူးတစ်ယောက်ကို ထပ်မံ ပစ်သတ်ချေမှုန်းနိုင်ခဲ့

ကိုးကန့်မီဒီယာ

========================

နိုဝင်ဘာလ ၂၇ ရက်နေ့ MNDAAနှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် ကျောက်မဲနှင့် လားရှိုးကြားရှိ ခုတန်စေတီ High Point ကို    သိမ်းပိုက်ပြီးနောက် ကိုးကန့်ကုန်ကြမ်းတပ်စခန်း(၁)ခုနှင့်  ကျောက်မဲ   စစ်ဆေးရေးဂိတ်ကို လည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။ ယနေ့ညနေအချိန်ထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့သည် စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေးစုစုပေါင်း(၁၈၀)ခု သိမ်းပိုက်ရရှိခဲ့ပါသည်။

ကိုးကန့်စစ်ပွဲ

ထိုနေ့ညနေ(၁၆)နာရီခန့် MNDAAနှင့် ကိုးကန့်ခရိုင်လုံခြုံရေးတပ်ဖွဲ့တို့သည် ကိုးကန့်ရှင်းဝမ့်ဒေသ ကုန်ကြမ်း ရှင်းကိုင်းနေရာရှိ စစ်ကောင်စီတပ်စခန်းကို ‌အောင်မြင်စွာတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၆)ယောက်အမြစ်ပြုတ်ချေမှုန်းနေခဲ့ပြီး ဒဏ်ရာအချို့ရရှိခဲ့ကာ ရိုင်ဖယ်သေနက်(၈)လက် သိမ်းဆည်းရရှိပါသည်။ 

နိုဝင်ဘာလ ၂၇ ရက် ကုန်ကြမ်ရှင်းကိုင်းတပ်စခန်းတွင် သိမ်းဆည်းရရှိသော စစ်ကောင်စီ၏လက်နက်များ

နိုဝင်ဘာလ ၂၇ ရက်နေ့ MNDAAမှ စစ်ကောင်စီတပ်ရင်း(၆၉)၏တပ်ရင်းမှူး ဖမ်းဆီးရရှိချိန် ပါဆောင်လာသော ဒုဗိုလ်မှူးကြီးရာထူးတံဆိပ်တွေ့ရှိ

နိုဝင်ဘာလ ၂၇ ရက်နေ့ MNDAAနှင့် TNLAပူးတွဲပြီး ကျောက်မဲစစ်ဆေးရေးဂိတ်သိမ်းပိုက်ခဲ့

ထို့ပြင် ရှီးရှမ်းဒေသ တာရွှေထန်အုပ်စု ၊ ရှောက်ပတ်အိုင်နေရာသို့ထွက်ပြေးလားသော စကခ(၁၆)လက်အောက် ခံ တပ်ရင်း(၆၉)၏ တပ်ရင်းမှူးကိုဖမ်းဆီးရရှိပါသည်။

ကျောက်မဲစစ်ပွဲ

ညနေ(၁၅း၁၉)နာရီခန့် MNDAAနှင့် TNLAတပ်ဖွဲ့တို့ပူးတွဲပြီး စစ်ကောင်စီတပ်ဖွဲ့အခြေချနေထိုင်သော ကျောက်မဲ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့်ဦးစွာပစ်ခတ်ပြီးနောက် ခြေလျင်တပ်ဖွဲ့ဖြင့်ထိုးစစ်တိုက်ခိုက်လာကာ (၁၇း၂၆)နာရီတွင် ၎င်းစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်နိုင်ခဲ့ပါသည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ရင်း (၅၇၉)တပ်ရင်းမှူးကို ပစ်သတ်ချေမှုန်းနိုင်ခဲ့ပါသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ MNDAAနှင့် TNLAပူးတွဲပြီး ကျောက်မဲစစ်ဆေးရေးဂိတ်သိမ်းပိုက်ပြီးနောက် ချေမှုန်းခဲ့ သော စစ်ကောင်စီအဖွဲ့ဝင်ပုံ

နိုဝင်ဘာလ ၂၇ ရက်နေ့ လုံခမ်းတပ်စခန်းကိုရှင်းလင်းရှာဖွေစဉ် စစ်ကောင်စီ၏ စိန်ပြောင်းအမြောက်တစ်ခု သိမ်းဆည်းရ


မုံးကိုးစစ်ပွဲ

ယမန်နေ့ ဒေသလုံခြုံရေးတပ်ဖွဲ့တို့သည် နိုဝင်ဘာ ၂၆ ရက်နေ့သိမ်းပိုက်ရရှိခဲ့သော လုံခမ်းတပ်စခန်းပတ်လည်ကို ရှင်းလင်းရှာဖွေစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ လုံခမ်းတပ်စခန်းတွင်နေထိုင်သော နန်းဖကာပြည်သူ့စစ်၏ ခေါင်း ဆောင်ငယ်တစ်ဦးကို ဖမ်းဆီးရရှိခဲ့ပါသည်။ MNDAAနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့တို့သည် လူသားချင်းစာနာ ထောက်ထားမှုအရ စစ်နယ်မြေတွင်စွန့်လွတ်ခံရသောစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကို မြေမြိုပ်ခဲ့ပါသည်။

မိမိတို့ဌာနသတင်းတင်ဆက်သည့်အချိန်အထိကိုးကန့်စစ်ကြောင်းမှ စစ်အောင်ပွဲသတင်းများဆက်တိုက်ပို့လာပြီး ရှင်းဝမ့်‌ဒေသ အုပ်ချုပ်ရေးရုံးရှိရာနေရာများကို ပြန်လည်သိမ်းပိုက်ထူထောင်နိုင်ခဲ့ပါသည်။ လာမည့်ရက်များ၏ စစ်ပွဲသတင်း များကို ဆက်လက်၍ ဂရုပြုနိုင်ပါသည်။


评论

发表评论