စစ်ကောင်စီ၏လက်နက်ကြီးကျည်သည် ကိုးကန့်နန်ကော်ရွာထဲသို့ကျရောက်ပေါက်ကွဲပြီး ဒေသခံအရပ်သား(၂) ယောက် ပွဲချင်းပြီးသေဆုံးခဲ့ရ

ကိုးကန့်မီဒီယာ

====================

ယနေ့နေ့လည် (၁၂)နာရီခန့် တိုက်ပွဲမရှိသည့်အခြေအနေအောက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် (၁၀)လုံးခန့်သည် ကိုးကန့်ခရိုင်၊ရှီးရှမ်းဒေသ တာရွှေထန် ရွာအုပ်စု ၊ နန်ကော်ရွာထဲသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအရပ်သား (၂)ယောက်ပွဲချင်းပြီးသေဆုံးခဲ့ရပြီး (၁)ယောက်ဒဏ်ရာပြင်းပြင်း ထန်ထန် ရရှိခဲ့ပါသည်။

နန်ကော်ရွာအရပ်သားများ၏ပြောကြားချက်အရ လက်နက်ကြီးကျည်သည် နန်ထင်မိန်တောင်တန်းဘက်မှ ပစ်ခတ်လာပြီး သေဆုံးသူနှင့်ဒဏ်ရာရသူများသည် ဒေသခံလူငယ်များဖြစ်ကြပါသည်။ နှစ်ယောက်ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်တစ်ယောက်ဒဏ်ရာပြင်းထန်ရရှိသူသည် ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးအရေးပေါ်ကုသကယ်ဆယ် နေပါသည်။


လက်နက်ကြီးကျည်များဆက်လက်ကျရောက်ပေါက်ကွဲမှုကြောင့် လက်ရှိ နန်ကော်ရွာ အရပ်သားများသည် အနီးစပ်ဆုံးတောတောင်ထဲသို့ သွားရောက်တိမ်းရှောင်ခဲ့ရပါသည်။

ဒေသခံအရပ်သားများ၏ပြောကြားချက်အရ ယနေ့နေ့ခင်းပိုင်းတွင် နန်ကော်မှ တာရွှေထန်ပတ်လည်တလျှောက် တွင် ပစ်ခတ်သံများမရှိသဖြင့် တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ဟုထင်မှတ်ကြပါသည်။ ထို့ပြင် ယခင်တွင်လည်း နန်ကော်ရွာထဲသို့ လက်နက်ကြီးကျည်ကျရောက်‌ပေါက်ကွဲလေ့ရှိခဲ့ပါသည်။

(၁၀၂၇)စစ်ဆင်ရေး Operationကြီးလုပ်ဆောင်လာသည့်တလျှောက် အထူးဒေသ(၁)နယ်မြေအတွင်းတွင်  စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား(၃၈)ဦးသေဆုံးခဲ့ရပြီး (၁၄)ဦး ဒဏ်ရာရရှိခဲ့ပါသည်။

评论