စစ်ကောင်စီစကခ(၁၂)မှ စကခမှူးသည် ကိုးကန့်စစ်နယ်မြေတွင်းတိုက်ပွဲဖြစ်ပွားစဉ်တွင်ပစ်သတ်ချေမှုန်းခံရဟု အတည်ပြု

စစ်ကောင်စီစကခ(၁၂)မှ စကခမှူးသည် ကိုးကန့်စစ်နယ်မြေတွင်းတိုက်ပွဲဖြစ်ပွားစဉ်တွင်ပစ်သတ်ချေမှုန်းခံရဟု အတည်ပြု
အထွေထွေသတင်းများ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့
============================
MNDAAမှ ကိုးကန့်ဒေသမြောက်ပိုင်း မော်ထိုက် ၊ ချုံကန် ၊ ကုန်းကြမ်းစသည့်နေရာရှိ စစ်ကောင်စီနှစ်ပေါင်း(၃၀) နီးပါး တပ်စွဲတည်ဆောက်ခဲ့သောတပ်စခန်းကိုသိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ အကြွင်းအကျန် အဖွဲ့ဝင်များသည် နေရာအနှံသို့ထွက်ပြေးပုန်းအောင်းခဲ့ပါသည်။ သို့သော် ရှောက်ကိုင်အုပ်စုနေရာတကြော ပုန်း‌အောင်းနေသော အကြွင်းအကျန်အဖွဲ့ဝင်တစ်ရာကျော်သည် MNDAA၏ ဝန်းရံပစ်ခတ်မှုကြောင့် ချေမှုန်း ခံရပြီး ၎င်းတို့ချေမှုန်းခံရထဲတွင် စကခ(၁၂)မှ စကခမှူးလည်းပါဝင်ပါသည်။

ကုန်းကြမ်းတပ်စခန်းမှ လက်နက်ချသောစစ်ကောင်စီအဖွဲ့ဝင်များကိုကြည့်ခြင်းအားဖြင့် အမြဲတမ်းတပ်စွဲနေထိုင် သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ခလရ(၁၂၅) ၊ မော်ထိုက်နှင့် ချုံကန်နေရာမှ ကုန်းကြမ်းစခန်းသို့ ထွက်ပြေး လာသော စကခ(၁၂)နှင့် စကခ(၁၆)တို့အဖွဲ့ဝင်များပါဝင်ပါသည်။ စကခ(၁၆)မှူးသည် MNDAAမှ ကုန်းကြမ်းစခန်း ကိုထိုးစစ်ဆင်တိုက်ခိုက်လာမိယခင်တစ်ရက်တွင် ထွက်ပြေးသွားခဲ့ပါသည်။ သိမ်းဆည်းရရှိသောလက်နက်များ ကိုစိစစ်ပါက ရှောက်ကိုင်အုပ်စုနေရာတလျှောက်တွင် ပစ်သတ်ချေမှုန်းခံရသောစစ်ကောင်စီအဖွဲ့ဝင်မှာ စကခ(၁၂)လက်အောက်ခံ တပ်ရင်း(၃၅၅) နှင့် စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉) ၊ တပ်ရင်း(၃၂၃)တို့ဖြစ်ပါ သည်။သို့သော် စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)မှ တပ်ရင်းမှူးသည် နိုဝင်ဘာလ ၂၇ ရက်နေ့ MNDAAမှ ရှီရှမ်းဒေသ ရှောက်ပိုက်အိုက်နေရာတွင် စစ်သုံ့ပန်အဖြင့် ဖမ်းဆီးခံရပါသည်။

သတင်းအရ ဒီဇင်ဘာလ ၆ ရက်နေ့ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်များဆက်လက်ရှင်းလင်းသုတ်သင်ရန် လုပ်ဆောင်နေချိန်တွင် ပစ်သတ်သေဆုံးခံရသော စစ်ကောင်စီရုပ်အ‌လောင်းတစ်လောင်းတွေ့ရှိပြီး ၎င်း‌‌‌ရုပ် အလောင်းပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ(၁၂)မှ စကခမှူး အောက်ဇော်လင်းဖြစ်သည်ဟု ပဏာမကောက်ချက်ချအတည်ပြုပါသည်။
အစောပိုင်းက မုံးကိုးတိုက်ပွဲထဲတွင် MNDAAမှ မုံးကိုးဗျူဟာကုန်းကို ပြန်လည်သိမ်းပိုက်ရန် စစ်ဆင်ရေး ဆောင်ရွက်ချိန်တွင် စစ်ကောင်စီ၏တပ်မမှူးတစ်ယောက်ကို ချေမှုန်းနိုင်ခဲ့ပါသည်။(သူ၏ရာထူးတံဆိပ်ဟာ ဗိုလ်မှူးကြီးလား သို့မဟုတ် ဗိုလ်မှူးချုပ်လားဟု အတည်ပြုနိုင်ခြင်းမရှိသေးပါ။)
ထို့ပြင် စစ်ကောင်စီအဖွဲ့ဝင်များပစ်သတ်ချေမှုန်းနိုင်ခဲ့သည့်အပြင် လွန်ခဲ့သည့်နှစ်ရက်အတွင်း ရှီရှမ်းဒေသ လောက်ဖောက်လုပ်နေရာတကြော နှင့် ရှီရှမ်းဒေသမာကြည်တီးရွာတွင် စစ်ကောင်စီစစ်ပြေး(၃၀)ကျော်ကိုဖမ်းဆီးရရှိပါသည်။

评论