မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)စစ်ဦးစီးချုပ်ဦးဖုန်တဲရင်၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာ

 မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP)အထွေထွေအတွင်းရေးမှူးချုပ်

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)စစ်ဦးစီးချုပ်
မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ
ဦးဖုန်တဲရင်၏ ၂၀၂၄ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာ

ရက်စွဲ- ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁) ရက်



လေးစားအပ်ပါသော အထူးဒေသ(၁) မိဘပြည်သူလူထုများ ၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုများ ၊ ကမ္ဘာ တစ်ဝန်းရှိတရုတ်လူမျိုးများ ၊ နိုင်ငံတကာမိတ်ဆွေများ ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ၊ အမျိုးသား စည်းလုံးညီညွတ်ရေးအစိုးရ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၊ MNTJP ပါတီအဖွဲ့ဝင်များနှင့် MNDAA တပ်မတော် တိုက်ပွဲဝင်စစ်သည်တော်များအားလုံး နှစ်သစ်မင်္ဂလာအပေါင်းများနှင့် ပြည့်စုံကြပါစေဟု ဦးစွာ ဆုမွန်ကောင်းတောင်းဆို အပ်ပါသည်။
နှစ်သစ်ဆိုသည်မှာ နှစ်ဟောင်းမှနှစ်သစ်သို့ကူးပြောင်းခြင်းဟု ဆိုနိုင်သကဲ့သို့ မိမိတို့အတွက်ဆိုလျှင် ဒီတစ်ကြိမ် နှစ်သစ်ဟာ ခေတ်ဟောင်းတစ်ခုကိုအဆုံးသတ်နိုင်ပြီး ခေတ်သစ်တစ်ခုကို စတင်ပွင့်လှမ်းလိုက်ခြင်းဖြစ်သည် ဟုလည်း ဆိုနိုင်ပါသည်။
၂၀၂၃ ခုနှစ် ကိုပြန်လည်သုံးသပ်ခြင်းအားဖြင့် မိမိတို့အဖွဲ့အစည်းသည် လုပ်ငန်းခွင်တိုင်းမှာကောင်းမွန်သောရလဒ် များကိုဖော်ဆောင်နိုင်ခဲ့ပြီး နှစ်ဆန်းပိုင်းတွင် အထူးဒေသ(၁)အရာရှိသင်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကာ ရွယ်ပျိုပြီး အတတ်ပညာကျွမ်းကျင်မှုအပြည့်ရှိသည့် အရာရှိကေဒါအမြောက်အများကို သင်ကြားမွေးထုတ်နိုင်ခဲ့ပါသည်။ ထို့အတူ ဒေသအသီးသီးမှပညာတတ်လူငယ်များကို တော်လှန်ရေးလမ်းစဥ်ပေါ်သို့ စည်းရုံးခေါ်ဆောင်နိုင်ခဲ့ပြီး စစ်ရေး နှင့် နိုင်ငံရေး လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အရာရှိအဖွဲ့တို့၏ အရည်အတွေးများကိုမြှင့်တင်စေနိုင်ခဲ့ပါသည်။
မတ်လပိုင်းတွင် မိမိတို့အဖွဲ့အစည်းမှ “စစ်ဘက်ဆိုင်ရာ ရာထူးတံဆိပ်စနစ် (Military Rank)”ကိုစတင် အကောင်အထည်ဖော်ကျင့်သုံးခဲ့ပြီး တပ်ဖွဲ့ကိုလည်း စနစ်ကျတဲ့ Standard Army အဖြစ် တည်ဆောက်နိုင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် တပ်စည်းမျဉ်းစည်းကမ်းများ၊ ဒေသအုပ်ချုပ်ရေးယန္တရားများကို တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ပြုပြင် ရေးစွဲတင်းကြပ်ခဲ့ပြီး ဒေသနှင့် တပ်မတော်တစ်ရပ်လုံးကို တရားဥပဒေနှင့်အညီ စနစ်တကျ အုပ်ချုပ်နိုင်ခဲ့ပါသည်။
စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို အတင်းအတမ္မသိမ်းယူလိုက်ခြင်းကြောင့် တနိုင်ငံလုံးမတည်မငြိမ်ဖြစ်လာခဲ့ပြီး လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး ဒုက္ခအကြပ်အတည်းများ နှင့် ရင်ဆိုင်နေရသော အခြေအနေမျိုးတွင် မိမိတို့ MNDAA အနေဖြင့် လားရှိုး ၊ မူဆယ် ၊ ကွတ်ခိုင်စသည့်နေရာများရှိ အကြမ်းဖက်မှုများကို ရှင်းပယ်ရန် တာဝန်ယူခဲ့ပြီး ဒေသတွင်းရှိ အကြမ်းဖက်လုပ်ရပ်များကောင်းမွန်စွာလျော့ချနိုင်အောင်၊ ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်တဲ့ မွန်မြတ်သော တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အများပြည်သူတို့၏ယုံကြည်မှုနှင့်ချီးမွမ်းမှု များကို ရရှိနိုင်ခဲ့ပါသည်။
မိမိတို့ MNTJP/MNDAA အနေဖြင့် တော်လှန်ရေးရန်ပုံငွေခက်ခဲ‌သော်လည်း ပြည်သူလူထုတစ်ရပ်လုံး၏ ပညာရေးနှင့်နေထိုင်ရေးကို တော်လှန်ရေးနှင့်နည်းတူဦးထပ်ထားလုပ်ဆောင်လာခဲ့ပါသည်။ အဖွဲ့အစည်းမှ ငွေထုတ်ပေး ခြင်းနှင့် အများပြည်သူထံမှအလှူခံခြင်း စသည့် နည်းလမ်းများဖြင့် “ဖုန်ကြားရှင်စာသင်ကျောင်း”ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး အဖွဲ့အစည်းနှင့်အတူပါလာသောမိသားစုဝင်ကလေးငယ်များ၏ ပညာရေးကို ဖြေရှင်းနိုင်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်သည် မိမိတို့ MNTJP ပါတီ တည်ထောင်တဲ့(၁၀)နှစ်မြောက် နှစ်ထူးနှစ်မြတ်ကြီးဖြစ်ပါသည်။ MNDAA တည်ထောင်ရေးသမိုင်းကြောင်းကိုပြန်လည်သုံးသပ်ကြည့်လျှင် MNTJP ပါတီတည်ထောင်ပြီးနောက် တပ်ခွဲတိုင်းမှာ ပါတီကလပ်စည်းများဖွဲ့စည်းခြင်း၊ ပါတီစနစ် နိုင်ငံရေးစနစ်ဖြင့် စစ်တပ်ကို စနစ်တကျဖွဲ့စည်းခြင်းတို့ဖြင့် တပ်ဖွဲ့အင်အား ဖွံ့ဖြိုးကြီးမားအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။ထို့ပြင် ပါတီမှ တပ်ကိုဦးဆောင်ညွန်ကြားသော လမ်းစဥ်ဖြင့် တပ်တွင်းစည်းလုံးရေးကိုပိုမိုခိုင်မာစေပြီး တပ်ဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်ကိုမြှင့်တင်စေခဲ့ပါသည်။
လွန်ခဲ့သည့်(၁၄)နှစ်တာကာလအတွင်း၌ MNDAA သည် သမိုင်းကိုသင်ခန်းစာယူပြီး နိုင်ငံ‌ရေး ၊ စစ်ရေး နှင့် ပြည်သူများကို ဦးထပ်ထားအကျိုးဆောင်သော ပါတီနှင့်တပ်မတော်တစ်ရပ်ကို ခိုင်ခိုင်မာမာတည်ဆောက်ခဲ့ပါသည်။ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်ခဲ့ရသော်လည်း မိမိတို့၏ပင်ကိုစိတ် နှင့် မူရင်းဆန္ဒများ ဘယ်တော့မှမမေ့လျော့ခဲ့ဘဲ ကြိုးစားအာထုတ်မှုအပြည့်ဖြင့် အဖွဲ့အစည်းကိုသန်မာကြီးထွာလာအောင် ဖန်တီးနိုင်ခဲ့ကြပါသည်။ မိမိတိုင်းရင်းသား၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ပြန်လည်ထူထောင်ရေးဟာ မိမိတို့ဖြတ်သန်းလာခဲ့တဲ့ (၁၄)နှစ်တာ ကလတစ်လျှောက် လုံး၏ အကြီးမားဆုံး‌သော ရည်မှန်းချက်ဖြစ်ပါသည်။ ၎င်းရည်မှန်းချက်အတွက် မိမိတို့အဖွဲ့အစည်းမှ အခက်အခဲပေါင်း စုံကိုကျော်ဖြတ်ခဲ့ပြီး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းအားထုတ်ခဲ့သလို တိုင်းရင်းသားညီနောင်မဟာမိတ်အဖွဲ့အစည်း များနှင့်ပူးပေါင်းပြီး ဖိနှိပ်မှု နှင့် ခွဲခြားဆက်ဆံမှုများကိုဆန့်ကျင့်တဲ့ ၊ ဆိုင်းဘာမှုခင်းနှင့် ကိုးကန့်ရုပ်သေးအဖွဲ့များကို သုတ်သင်ရှင်းလင်းတဲ့ (၁၀.၂၇)စစ်ဆင်ရေး Operation ကြီးကို စနစ်တကျပြင်ဆင်ဖော်ဆောင်ခဲ့ပါသည်။
(၁၀.၂၇)စစ်ဆင်ရေးOperation ကြီးကာလအတွင်း၌ မိမိတို့ညီနောင်မဟာမိတ်တပ်ဖွဲ့တို့သည် မူပန်(သိန္နီ) ၊ ကွတ်ခိုင် ၊ မုံးကိုးနှင့် ကိုးကန့်စသည့်နေရာများရှိ စစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ အောက်တိုဘာလ (၂၇) ရက်နေ့ မှစ၍ ယနေ့အထိဆိုလျှင် (၆၅)ရက်တိုင်ကြမြင့်ခဲ့ပြီဖြစ်ပြီး မိမိတို့ညီနောင်မဟာမိတ်တို့ သည် ရောက်ရာနေရာတိုင်းမှာ စစ်ရေးအောင်မြင်မှုများကို ဆက်တိုက်ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီ၏တပ်စခန်း အကြီးအသေး နှင့် အရေးကြီးစစ်ဆေးရေးဂိတ်များစုစုပေါင်း (၂၅၀)ကျော်ကိုသိမ်းပိုက်ရရှိခဲ့သည့်အပြင် စစ်ကောင်စီ၏ စစ်ကူအဖွဲ့များကိုလည်း အကြိမ်ကြိမ်တားမြစ်တိုက်ခိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းမြောက်များစွာသိမ်းဆည်းရရှိခဲ့ကာ စစ်သုံ့ပန်းများလည်း ထောင်နဲ့ချီဖမ်းဆီးရရှိခဲ့ပါသည်။ ထို့ပြင် နယ်စပ်ဂိတ် (၅)ခုသိမ်းပိုက်နိုင်ခဲ့ပြီး ဆိုင်းဘာမှုခင်း လုပ်ဆောင်သောနေရာ(၃၀၀)ကျော် ကိုဖြိုခွဲနိုင်ခဲ့ကာ ဆိုင်းဘာမှုခင်းလုပ်ငန်းရှင်ထောင်နဲ့ချီဖမ်းဆီးရမိပြီး တရုတ်နိုင်ငံ ထံသို့ လွှဲအပ်ပေးနိုင်ခဲ့ပါသည်။ ကြားကာလတွင် ဆိုင်းဘာမှုခင်းလုပ်ငန်းနှင့်ပတ်သက်သော တရုတ်လူမျိုးဦးရေ လေး သောင်းကျော်ကိုလည်း တရုတ်ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်စေပြီး ပြစ်မှုများဝန်ခံစေခဲ့ကြပါသည်။ လက်ရှိအချိန် တွင် ကွတ်ခိုင်ခရိုင် ၊ မူပန်(သိန္နီ)ခရိုင်၏နေရာအများစု နှင့် မုံးကိုးခရိုင်တို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ကိုးကန့်ခရိုင်တွင်မူ လောက်ကိုင် ဒကစ (မီရှင်းကုတ်)နှင့် နန်ထင်းမိန်တောင် စသည့်နေရာတွေမှလွဲ၍ ဇော်ဘွားခေတ်ကတည်းက လက်လွတ် ခဲ့ရသော သမိုင်းဝင်နယ်မြေအမြောက်အများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီမှနိုင်ငံတော်အာဏာသိမ်းယူလိုက်ခြင်းကြောင့် နိုင်ငံတော်ပြည်သူလူထုမှ ထမြောက် လာပြီး တချိန်တည်းတွင် စစ်ကောင်စီသည်လည်း ပြည်သူ့ထောက်ခံမှုလုံးဝကျဆင်းသွားခဲ့ရပါသည်။ လွန်ခဲ့သည့် (၂)နှစ် တာအတွင်း၌ ဒေသအသီးသီးမှတော်လှန်ရေးအဖွဲ့အစည်းများပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီကို ပြည်သူ့စစ်ပွဲ၏ သမုဒ္ဒရာထဲသို့ နစ်မျောစေခဲ့ပါသည်။ မိမိတို့အဖွဲ့အစည်းအနေဖြင့်လည်း ခေတ်သစ်၏အပြောင်းအလဲများကို လိုက်နာပြီး မြန်မာအမျိုသားဒီမိုကရက်တစ်တော်လှန်ရေးလုပ်ငန်းစဥ်၏ ရှေ့ပြေးတပ်ဖွဲ့အဖြစ် တာဝန်ယူခဲ့ပါသည်။ (၁၀.၂၇) စစ်ဆင် ရေး Operation ကြီးကို တနိုင်ငံလုံးအတိုင်းအတာရှိ ဒီမိုကရက်စီလိုလားတဲ့ပုဂ္ဂိုလ်များနှင့် တော်လှန်ရေးအဖွဲ့အစည်း တစ်ရပ်လုံးက အားပေးထောက်ခံခဲ့ကြပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမိုင်းရေစီးကြောင်းတစ်လျှောက် လုံးမှာ မတွေ့မြင်ဖူးခဲ့တဲ့ အောင်မြင်မှုများကိုရရှိနိုင်ခဲ့သည့်အတွက် လွန်စွာအားရဝမ်းမြောက်မိပါသည်။ ၎င်းအောင်မြင်မှု တွေကို ညီနောင်မဟာမိတ်တပ်ဖွဲ့များစည်းလုံးညီညွတ်စွာဖြင့်တိုက်ပွဲဝင်ခြင်း ၊ ရဲရင့်သတ္တိ‌ကောင်းပြီး မိမိအသက်ကို ပေးစွန့်ရဲသော တော်လှန်ရေးစိတ်ဓာတ်ရှိသောရဲဘော်များ၏ ကြိုးပမ်းအားထုတ်ခြင်း၊ တိုင်းရင်းသားညီနောင်များ ၊ တရုတ်လူမျိုးများ နှင့် ပြည်သူလူထုတစ်ရပ်လုံးမှ အားပေးထောက်ခံကူညီခြင်း နှင့် တနိုင်ငံလုံး CDM လှုပ်ရှားမှုနှင့် နိုင်ငံတကာမှ ဆိုင်းဘာမှုခင်းတိုက်ဖျက်ရေးများဖြင့် အတူတကွ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ရဲဘော်တို့ ၊ မိတ်ဆွေအပေါင်းတို့ခင်ဗျား
၂၀၀၉ ခုနှစ်တွင် မြန်မာစစ်အုပ်စုတို့သည် ကိုးကန့် ( သြဂုတ်လ ၈ ရက် )အရေးအခင်းကိုဖော်ဆောင်ခဲ့ပြီး MNDAA မှ စစ်ရေးပရိယာယ်အရ နေရာပြောင်း‌ရွေ့ခဲ့ရပါသည်။ ထို့နောက် စစ်အုပ်စုတို့သည် ကိုးကန့်ရုပ်သေးအဖွဲ့များကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် အာဏာပေးအပ်ခဲ့ပြီး MNDAAကိုဖောက်ပြန်ခဲ့သော ပိုက်စောက်ချိန်ကို ယာယီအုပ်ချုပ်ရေးဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပါသည်။ (၁၄)နှစ်တာအချိန်ကာလအတွင်း၌ ကိုးကန့်ရုပ်သေးအဖွဲ့နှင့် စစ်အုပ်စုတို့မှ ကိုယ့်အကျိုးစီးပွားအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် ဆိုင်းဘာမှုခင်းလုပ်ငန်းများ ကြီးကြီးမားမား လုပ်ဆောင်လာခဲ့ပြီး မူလက “ရှမ်းပြည်ရတနာမြေ” ဟုအမည်ရှိခဲ့သော ကိုးကန့်ဒေသကို သောဆိုင်းဘာမှုခင်းနယ်မြေနှင့် ရှမ်းမြောက်၏အနာရောဂါ ဟု အမည်ပျက်ဆီး စေခဲ့ပါသည်။
ဆိုင်းဘာမှုခင်းရောက်ရှိလာတာ(၆)နှစ်၊ (၇)နှစ်တာအတွင်း၌ တရုတ်လူမျိုးမြောက်များစွာလိမ်လည်ခံရခြင်း ၊ ကုမ္ပဏီမြောက်များစွာပြုတ်ထွက်သွားခြင်း ၊ မြောက်များ‌သောမိသားစုဝင်တွေပျက်ကွဲသွားခြင်းနှင့် မြောက်များသော လူငယ်များ၎င်းကြောင့်စိတ်ဓာတ်ကျဆင်းသွားခြင်းများဖြစ်ခဲ့ရပါသည်။ ဆိုင်းဘာမှုခင်းလုပ်ငန်းများ ဆက်လက် လုပ် ဆောင်စေပါက ပြည်သူတွေ၏အမြင်သဘောထားကိုပြောင်းလဲစေနိုင်ပြီး လူမှုစည်းကမ်းကို ပျက်ဆီးစေနိုင် သည့်အပြင် နိုင်ငံတော်နှင့် တိုင်းရင်းသားအသီးသီးတို့၏အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်စေနိုင်ပါသည်။ ထို့ကြောင့် ဆိုင်းဘာမှုခင်း၏အန္တရာယ်သည် မူးယစ်ဆေးဝါးသဖွယ်ပြင်းထန်လှပါသည်။ MNTJP/MNDAA အနေဖြင့် တာဝန် ဝတ္တရားရှိသောနိုင်ငံရေးအဖွဲ့အစည်း နှင့် ပြည်သူ့တပ်မတော်တစ်ရပ်ဖြစ်သည့်အလျောက် ဆိုင်းဘာမှုခင်းတိုက်ဖျက်ရေး သည် မိမိတို့လုံးဝဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါသည်။
ကိုးကန့်ဒေသ၏ဆိုင်ဘာမှုခင်းလုပ်ငန်းကို “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး (၄)ဖွဲ့)” က အဓိက ဦးဆောင်ပြီး အဖွဲ့တိုင်းသည် ဆိုင်းဘာမှုခင်းကုမ္ပဏီရှိပါသည်။ ကုမ္ပဏီတိုင်းတွင် ဆိုင်းဘာမှုခင်းတိုက်ရှိပြီး ဆိုင်းဘာမှု ခင်းအဖွဲ့ရာနဲ့ချီပြီးရှိကြပါသည်။၎င်းတို့သည် ကုမ္ပဏီစနစ်ဖြင့်လုပ်ဆောင်ခြင်းဖြစ်ပြီး လိမ်လည်သောငွေကြေးပဏာမ ကြီးမားလွန်းလှသဖြင့် လူမှုအသိုင်းအဝိုင်းကိုပါပြင်းထန်စွာဒုက္ခရောက်စေပါသည်။ ကိုးကန့်လောက်ကိုင်ဒေသတွင်း “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး (၄)ဖွဲ့)”လက်အောက်ရှိ ဆိုင်ဘာမှုခင်းလုပ်ဆောင်သူများမှာ လူဦးရေ တစ်သိန်းကျော်ခန့်ရှိပြီး လိမ်လည်ခြင်းဖြင့်ရရှိသောငွေကြေးသည် တစ်နှစ်လျှင်တရုတ်ငွေ သိန်းပေါင်း တစ်သိန်းကျော်ခန့် ရှိပါသည်။ ဆိုင်ဘာမှုခင်းလုပ်ရပ်သည် ရောဂါသကဲ့သို့ ကိုးကန့်ဒေသတွင်ပေကပ်နေပြီး ဒေသတွင်ရှိသမျှအရာအားလုံး ကိုဖျက်ဆီးနေကာ ကိုးကန့်အမျိုးသားတို့၏နေထိုင်မှု နှင့်အနာဂတ်ကိုလည်း ပြင်းထန်စွာထိခိုက်နေပါသည်။
စစ်ကောင်စီမှ “ရှိတာကြာကျူ(ကိုးကန့်ရုပ်သေးမိသားစုကြီးအဖွဲ့ (၄)ဖွဲ့)”ကို ပြည်သူ့စစ်ဖွဲ့စည်းခွင့် ပေးထားကာ ၎င်းတို့က လက်နက်ဖြင့်ဆိုင်ဘာမှုခင်းအကာအကွယ်ပေးခြင်းနှင့် အချုပ်ထောင်သကဲ့သို့အလုပ်ရှင်ကိုချုပ်နှောင်ထားခြင်း စသည့် ပြစ်မှုများကို ဆက်တိုက်ကျူးလွန်ခဲ့ကြပါသည်။ ထို့ကြောင့် မြောက်များစွာသောတရုတ်လူမျိုးတို့မှာ ကိုးကန့်သို့ အလိမ်ခံရခြင်း၊ ပြန်ပေးဆွဲခံရခြင်း ၊ လူကုန်ကူးခံရခြင်းတို့ဖြင့် ‌ရောက်ရှိလာပြီး အလုပ်များကိုအတင်းအဓ္ဓမစေခိုင်းခဲ့ကြ သည်။ ထို့ပြင် ပေးထားသောအလုပ်များကို အချိန်မိမပြီးစီးနိုင်ပါက ရက်စက်စွာရိုက်နှက်ခံရခြင်း ၊ လူသေဆုံးသွားသည့် အထိ နှိပ်စက်ခြင်းများကို ခံရပါသည်။ စစ်ဆင်ရေးOperationကြီးမစတင်ခင် (၇)ရက်လောက်က ကိုးကန့်နယ်မြေတွင် ပြည်တွင်း ပြည်ပထိတ်လန့်စေသော “၁၀.၂၀ ဝေါ့ဟူရှမ်းကျွမ်းအရေးအခင်း”ဖြစ်ပွားလာသည်။ ဆိုင်ဘာမှုခင်းလုပ်ဆောင် သောတရုတ်လူမျိုး(၁၀)ယောက်ကျော်သည် ထွက်ပြေးမှုကြောင့် သေနတ်ဖြင့်ရမ်းသန်းပစ်သတ်ခံခဲ့ရပါသည်။
မြန်မာ-တရုတ်နယ်စပ်အသီးသီးတို့မှ တရုတ်နိုင်ငံနှင့်ပူး‌ပေါင်းပြီး ဆိုင်ဘာမှုခင်းတိုက်ဖျက်ရေးကို လုပ်ဆောင်ရာ တွင် ရလဒ်ကောင်းများကိုရရှိနိုင်ခဲ့သော်လည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရုပ်သေးအဖွဲ့တို့မှာ တရုတ်နိုင်ငံ၏ ဆိုင်ဘာ မှုခင်းတိုက်ဖျက်ရေးလုပ်ငန်းနှင့်ဆန့်ကျင်ပြီး တရုတ်နိုင်ငံထံသို့ အရေးမပါတဲ့လူအနည်းစုသာပြန်ပို့ကာ ဆိုင်ဘာမှုခင်း ကြောင့် တရုတ်နိုင်ငံတွင်အမှုဖွင့်ခံရပြီး ထွက်ပြေးတိမ်းရှောင်လာသော တရုတ်လူမျိုးများကို ဆက်လက် လက်ခံ အကာအကွယ်ပေးနေပါသည်။ ဆိုင်ဘာမှုခင်းတိုက်ဖျက်‌ရေးလုပ်ဆောင်လာသည်မှာ လပိုင်းအချိန်ရှိလာပြီဖြစ်သော် လည်း ကိုးကန့်ဒေသတွင် ၎င်းလုပ်ငန်းများကို ပုံမှန်ဆက်လုပ်ဆောင်နိုင်သည့်အပြင် ဆိုင်ဘာမှုခင်းအဖွဲ့အစည်းလည်း ယခင်ကထက်ပိုပြီးကြီးထွားလာပါသည်။ Operation စတင်ပြီး မိမိတို့ MNDAAတို့မှ ကိုးကန့်ဒေသပတ်လည်သို့ ရောက်ရှိချိန်လာတွင် ဆိုင်ဘာမှုခင်းအဖွဲ့ ခေါင်းဆောင်များကို စစ်ရဟတ်ယာဉ်ဖြင့်လောက်ကိုင်ဒေသမှ အခြားနေရာ သို့ပို့ဆောင်ပြောင်းရွှေ့သွားသည်ကိုတွေ့ရပါသည်။ “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီး (၄)ဖွဲ့)” တို့အနေဖြင့် ဒီလောက်ထိလုပ်ဆောင်နိုင်ခြင်းမှာ နောက်ကွယ်ရာတွင် နိုင်ငံတော်အာဏာကိုသိမ်းယူသောစစ်ကောင်စီမှ အကာအကွယ် ပေးနေသည်ကို သက်သေပြနေပါသည်။ထို့ကြောင့် လက်ရှိအချိန် စစ်ကောင်စီတပ်ဖွဲ့သည် အရှေ့တောင်အာရှတွင် အကြီးဆုံးသောဆိုင်ဘာမှုခင်းကုမ္ပဏီ (ရွှေကုတ်ကူKKကုမ္ပဏီ) ကို အကာအကွယ်ပေးနေသော အကြီးဆုံးအင်အားစုကြီး ဖြစ်ပြီး သက်ဆိုင်ရာအသီးသီးမှ အလေးအနက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
ကိုးကန့်‌ဒေသ၏ဆိုင်ဘာမှုခင်းကိုအပြက်ရှင်းလင်းပြီး ပြည်သူလူထုများကိုကယ်ထုတ်ရန် “ရှိတာကြာကျူ (ကိုးကန့်ရုပ်သေးမိသားစုကြီ (၄)ဖွဲ့)”နှင့်၎င်းနောက်ကွယ်ရှိအင်အားစုကြီးကိုအမြစ်ပြက်ရှင်းထုတ်ရပါမည်။ ထို့ကြောင့် ကျွန်ုပ်မှ MNTJPပါတီ ၊ MNDAA တပ်မတော်နှင့် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီတို့ကိုကိုယ်စားပြု၍ “ မိမိတို့၏ဆိုင်းဘာမှုခင်းတိုက်ဖျက်သောစိတ်ဓာတ်လုံးဝရိုင်ခါသွားမည်မဟုတ်ကြောင်း နှင့် ကိုးကန့်ဒေသတွင် ဆိုင်းဘာမှုခင်းအမြစ်မပြက်မချင်း ညီနောက်မဟာမိတ်တပ်ဖွဲ့၏စစ်ဆင်ရေး Operationကြီး လုံးဝရပ်ဆဲသွားမည် မဟုတ်ကြောင်း”ဟုကတိပြုအပ်ပါသည်။
ရဲဘော်တို့ ၊ မိတ်ဆွေအပေါင်းတို့ခင်ဗျား- (၁၀.၂၇)စစ်ဆင်ရေးOperationကြီးမပြီးဆုံးသေးပါ။ လောက်ကိုင်ဒေ သအတွင်းရှိစစ်ကောင်စီတပ်ဖွဲ့အချို့သည် ဆက်လက်ပေကပ်ခေါင်းမာပြီးတုန့်ပြန်နေဆဲရှိပြီး ဆိုင်ဘာမှုခင်းလုပ်ငန်းရှင် များသည်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်ရုပ်သေးအဖွဲ့တို့၏ လက်နက်ကိုင် ခြိမ်းခြောက်ချုပ်နှောင်ထားခြင်း ကြောင့် တရုတ်နိုင်ငံသို့ပြန်၍ ပြစ်မှုဝန်ခံခြင်းမရှိနိုင်သေးပါ။ စစ်ကောင်စီတပ်ဖွဲ့သည် စားပွဲပေါ်ကအပြောတစ်မျိုး၊ လက်တွေ့မှာအလုပ်တစ်မျိုးပုံစံဖြင့် ဂျက်လေယာဉ်ဖြင့် လောက်ကိုင်ဒေသကို အဆက်မပြတ် လာရောက်ဗုံးကြဲတိုက်ခိုက် ခဲ့ပါသည်။ အထူးဒေသ(၁)နယ်မြေတစ်ခုလုံးလွတ်မြောက်ရေးအတွက် မိမိအနေဖြင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များကို စည်းရုံးပြီး စစ်မြေပြင်စည်းကမ်းတင်းကြပ်ခြင်း ၊ ရန်သူအလင်းဝင်ရန်လှုပ်ဆော်ခြင်း ၊ စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ပေးခြင်း ၊ ဒုက္ခသည်ကိုကူညီပေးခြင်းနှင့် အများပြည်သူ၏အသက်အိုးအိမ်စည်းစိမ်များ အသက်နိုင်ဆုံးကာကွယ်ပေးခြင်း စသည်လုပ်ငန်းများကို ကောင်းမွန်စွာလုပ်ဆောင်သည့်အပြင် (၁၀.၂၇) စစ်ဆင်ရေး Operationကြီးကိုလည်း အဘက်ဘက်မှ အမြန်ဆုံးအောင်မြင်မှုရရှိအောင် အတူတကွကြိုးပမ်းသွားကြမည်ဟု တိုက်တွန်းအပ်ပါသည်။
လွန်ခဲ့သည့်နှစ်များအတွင်း၌ စစ်ကောင်စီ၏အာဏာရှင်စနစ်နှင့်ဖိနှိပ်မှုများရင်ဆိုင်ရခြင်းကြောင့် မိမိတို့ MNDAA အနေဖြင့် မဖြစ်မနေလက်နက်ကိုင်များကို ကိုင်ဆောင်ပြီး တော်လှန်ရေးလမ်းစဥ်ကိုရွေးချယ်ခဲ့ရပါသည်။ အာဏာရှင်စနစ် မှလွတ်ထွက်လိုသောစိတ်ဆန္ဒအပြည့် နှင့် တရားမျှတမှုကိုရယူလိုသောဆုံးဖြတ်ချက်များရှိခြင်းကြောင့် မိမိတို့ ကို ခိုင်မြဲစွာတိုက်ခိုက်ရဲသော သတ္တိများကိုမွေးထုတ်ပေးခဲ့ပါသည်။ စစ်တိုက်ခြင်းဟာ မိမိတို့ရည်မှန်းချက်မဟုတ်ပါ။ မိမိတို့၏ရည်မှန်းချက်မှာ စစ်ရေးမှတစ်ဆင့် နိုင်ငံရေးရည်မှန်းချက်ကိုဖော်ဆောင်ခြင်းဖြစ်ပြီး မိမိတို့ကိုဖိနှိပ်နေသည့် အာဏာရှင်စနစ်ကို တွန်းလှန်ပြီး အမျိုးသားတန်းတူညီ‌ရေး၊ လွတ်လပ်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။
MNTJP ပါတီဝင်များ ၊ MNDAA တပ်မတော်ရဲဘော်အရာရှိများနှင့် အထူးဒေသအုပ်ချုပ်ရေးကော်မတီကေဒါ များခင်ဗျား-
မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁)၏ အာဏာပြန်လည်ရရှိရေးသည် မိမိတို့အမျိုးသားရေးလုပ်ငန်းစဉ်၏ ပထမခြေလှမ်းမျှသာဖြစ်သည်။မိမိတို့အနေဖြင့် အထူးဒေသ(၁)ကို ပြန်လည်ထူထောင်ရန်အတွက် ပါတီ ၊ အုပ်ချုပ်ရေး ကော်မတီ နှင့် တပ်မတော်တည်ဆောက်ရေးစနစ်၊ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ် နှင့် ကေဒါသင်တန်းများစသည်ဖြင့် ပြင်ဆင်မှုများပြုခဲ့ပြီးဖြစ်သော်လည်း စစ်ပွဲအပြီး ကိုးကန့်ဒေသပြန်လည်ကောင်းမွန်လာစေရန်အတွက် ရဲဘော်တို့အနေ ဖြင့် ရှေးတော်လှန်ရေးသမား၊လူကြီးတို့၏ချွေတာတတ်သော အစဉ်အလာ၊ လုပ်ပုံကိုင်ပုံ၊ အမွေများကိုဆက်ခံပြီး မိမိ‌ဒေသတည်ဆောက်ရေးအပေါ်ကို အစွန်းကုန် အပင်ပန်းခံကြိုးစားအားထုတ်သောလုပ်ဟန်ဖြင့် “ အထူးဒေသ (၁) အခြေခံဥပဒေ ”ကို အခြေခံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူလူထုနှင့်တကွ ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါသည်။။
ကျူးကျော်သူအားလုံးကို မိမိတို့ရဲ့ သမိုင်းနယ်မြေထဲကနေ မောင်းထုတ်လိုက်နိုင်တဲ့အချိန်မှာဆိုလျှင် အထူးဒေသ(၁)နယ်မြေအတွင်းမှာ တိုင်းရင်းသားဖိနှိပ်ခံရမှုဆိုသည်မှာ လုံးဝရှိမည်မဟုတ်တော့ပါ။ ပုဂ္ဂလိက လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့စစ်အဖွဲ့တွေလည်း မရှိတော့ပါ။ အိမ်ဖော်တွေလမ်းပေါ်ထွက်ပြီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတွေကို ထိခိုက်စေခြင်းလည်း မရှိတော့ပါ။ ကိုးကန့်၏ အနာဂတ်မည်မျှပင်ခက်ခဲစေကာမူ အထူးဒေသ အုပ်ချုပ်‌ရေးကော်မတီအနေဖြင့် ဆိုင်ဘာမှုခင်းနှင့် မူးယစ်ဆေးဝါးလုပ်ငန်းများပြန်လည်ရှင်သန်လာခြင်းမျိုးကို လုံးဝ ခွင့်ပြုမည်မဟုတ်ပါ။ ပြည်သူလူထုများလည်း ဖိနှိပ်မှုများကိုမခံစေရပါ။ ကိုးကန့်ရုပ်သေးအဖွဲ့ တို့အုပ်ချုပ်စဉ်အတွင်း အကျင့်ပျက် ခြစားမှုများနှင့် အကျင့်ဆိုးများအားလုံးကို လုံးလုံးလျားလျား ပပျောက်စေမည်ဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် အထူးဒေသ(၁)အတွင်းရှိ စစ်သားများနှင့် အရပ်သားအားလုံးကို တာဝန်ရှိစွာဖြင့် ပြောပြနိုင်သည်မှာ - “ MNTJP ပါတီ၊ MNDAA တပ်မတော် နှင့် အထူးဒေသ(၁)အုပ်ချုပ်ရေးကော်မတီတို့အနေဖြင့် ‌ဒေသအတွင်းရှိ ပြည်သူလူထုများအတွက် ဖွံ့ဖြိုးတိုးတက်ရေးပြီး တည်ငြိမ်အေးချမ်းသော အထူးဒေသ (၁) တစ်ခုကို တည်ဆောက်ပေးရန် ကတိပြုပါသည်။
ကျွန်ုပ်အနေဖြင့် MNTJP ပါတီဗဟိုကော်မတီ၊ အထူးဒေသအုပ်ချုပ်ရေးကော်မတီနှင့် MNDAA စစ်ရေးကော်မတီ တို့အား ကိုယ်စားပြုပြီး မိမိတို့ပါတီ၊ တပ်မတော်နှင့် အထူးဒေသ(၁)အရပ်သားများအ‌ပေါ် စေတနာအပြည့်ဖြင့် ကူညီ ထောက်ပံ့ပေးသော ပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါသည်။ထို့အတူ တပ်မတော်သား၊ အရာရှိကေဒါများနှင့် အာဇာနည် မိသားစုဝင်များအားလုံးကိုလည်း ရင်းရင်းနှီးနှီး နှုတ်ခွန်းဆက်သအပ်ပါသည်။ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်အိုးအိမ်များနှင့် ဥစ္စာပစ္စည်းများဖျက်ဆီးခံခဲ့ရသော ဒုက္ခသည်များ အားလုံးကို လည်း ဝမ်းနည်းကြောင်းဖော်ပြလိုပါသည်။ လက်ရှိအချိန်သည် အထူးဒေသ(၁)ပြန်လည်ထူထောင်ရေးအတွက် အရေးကြီးသောအချိန်ကာလဖြစ်သည့်အတွက်ကြောင့် တပ်ဖွဲ့ဝင်တို့အားလုံးအနေဖြင့် နောက်ဆုံးအခက်အခဲများကို အောင်မြင်စွာကျော်လွှားနိုင်မည်ဆိုပါက နောက်ဆုံးအောင်မြင်မှုဟာ မိမိတို့အထူးဒေသ(၁)၏ ပြည်သူလူထုလက်ထဲသို့ ပြန်လည်ရောက်ရှိလာမည်ဟု အပြည့်အဝယုံကြည်ပါသည်။
နှစ်သစ်ကူးခေါင်းလောင်းသံမြည်လာသည်နှင့်အမျှ ခေတ်သစ်တစ်ခုသို့လည်း ရောက်ရှိလာပါတော့မည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအားလုံး၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ကမ္ဘာတဝှမ်းရှိ တရုတ်လူမျိုးများ၊ နိုင်ငံတကာမိတ်ဆွေများနှင့် ပညာတတ်ပုဂ္ဂိုလ်များအနေဖြင့် ကျွန်ုပ်တို့၏ တရားမျှတသော အမျိုးသား တော်လှန်ရေးလုပ်ငန်းကြီးကို ဆက်လက်အားပေးထောက်ခံကြပါလိမ့်မည်ဟု မျှော်လင့်ပါသည်။
ဒီနှစ်သစ်ပွဲတော်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာချမ်းသာကျန်းမာကြပါစေကြောင်း၊ နိုင်ငံတဝှမ်းရှိတော်လှန်ရေး အင်အားစုများအနေဖြင့် စစ်ရေးအောင်မြင်မှုများကို ဆက်လက်ရရှိနိုင်ပြီး မိမိတို့၏နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကြောင်း နှင့် မြန်မာနိုင်ငံအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို အမြန်ဆုံးစတင်နိုင်ပြီး ထာဝရငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ပါစေကြောင်းဟု ဆုမွန်ကောင်းများတောင်းဆိုရင်း နိဂုံးချုပ်အပ် ပါသည်။
မှတ်ချက်။ ။ ဤ သဝဏ်လွှာကို တရုတ် မှ မြန်မာ သို့ ဘာသာပြန်ဆိုထားခြင်းဖြစ်သည့်အတွက် အငြင်းအပွားများရှိ ပါက တရုတ်ဘာသာကို အတည်ယူရန် မေတ္တာရပ်ခံအပ်ပါသည်။

评论

发表评论