ရှမ်းပြည်တိုက်ပွဲနောက်ဆုံးဖြစ်ပေါ်တိုးတက်မှု- MNDAA က စစ်ကောင်စီတပ်စခန်းအများအပြားကို ထပ်ပြီးသိမ်းပိုက်ချေမှုန်းနိုင်ခဲ့
အောက်တိုဘာ (၂၇) ရက် တိုက်ပွဲသတင်း
၂၀၂၃ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၀၄း၀၀)နာရီခန့်တွင် MNTJP/MNDAA မှ စစ်ကောင်စီတပ်များအား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၀၅း၀၀)နာရီခန့် တွင် ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုး နှင့် လားရှိးမြို့ရှိ စစ်ရေးစခန်းအများအပြားကို သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ပါသည်။
အထက်ဖော်ပြပါဒေသများရှိ တပ်စခန်းများကို သိမ်းပိုက်ခဲ့ပြီးနောက် MNDAA သည် မုံးကိုးခရိုင် ရှီကျိကျတောင်ကုန်း၊ ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသ ရှောက်တင်းပရွာ၊ ကိုးကန့်ခရိုင် ရှီးရှန်းဒေသ ကန်ဝမ်ထန်ရွာနှင့် ခုမာရွာကြား၊ ချင်းရွှေဟော်ဒေသ နန်ဖာရှန်းတောင်ကုန်းရှိ စစ်ကောင်စီတပ်များကို ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။
မြေပြင်သတင်းအချက်အလက်အရ - နံနက် (၀၄း၀၀)နာရီဝန်းကျင်တွင် MNDAA သည် စစ်ကောင်စီရှိရာ နန်ဖာရှန်းတောင်ကုန်းကို ဒရုန်း (Drone) များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ (မှတ်ချက်- နန်ဖာရှန်း တောင်ကုန်းပေါ်တွင် MNDAA ၏ တပ်ခစန်းများရှိသလို စစ်ကောင်စီ၏ တပ်စခန်းများလည်းရှိပါသည်။) ထို့နောက် နေလည် (၁၂း၀၀) နာရီခန့်တွင် MNDAA မှ ခြေလျင်တပ် များဖြင့် စတင်ထိုးစစ်ဆင်ခဲ့ပါသည်။ (၁) နာရီကျော်ကြာ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ စက်လက် (၁)လက်၊ Shotgun (၁)လက်၊ စကားပြောစက် (၄)ခု၊ ၆၀မမ ဗုံးသီး (၄၀)လုံး၊ စက်လက်ကျည် (၂၀၀၀)ထောင့်၊ ၅.၅၆ကျည် (၃၀၀၀)ထောင့်၊ လက်ပစ်ဗုံး (၂၀) လုံး၊ နှင်းမှိုင်း (၂) လုံး၊ စက်လက်ကျည်ကပ် (၁)ခု၊ ရိုးရိုးကျည်ကပ် (၂) နှင့် အခြားစစ်ရေးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ပါသည်။
နံနက် (၀၆း၀၀) နာရီမှ (၀၇း၃၀)နာရီခန့်တွင် MNDAA သည် စစ်ကောင်စီတပ်စခန်းရှိရာ နန်တောင်ဟော်ဒေသ နှင့် ကျမိန်ခုတ်ဒေသ များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေ့လည် (၁၄း၃၀) နာရီ တွင် မာဟွာချင်းယာခုတ်ဒေသ ရှိစစ်ကောင်စီတပ်များကို ဆက်လက်တိုက်ခိုက်ခဲ့ပါသည်။
နံနက် (၀၇း၄၀) နာရီခန့်တွင် MNDAA သည် ကိုးကန့်ခရိုင် ရှီးရှန်းဒေသ ကန်ဝမ်ထန်ရွာ နှင့်ခုမာရွာကြား ကုတ်ထုတ်ပေါက်ပေါက်တောင်ကုန်းပေါ်ရှိ စစ်ကောင်စီတပ်နှင့် လုံထန်ပြည်သူ့စစ် အဖွဲ့များကို စတင်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ကို ပြင်းပြင်းထန်ထန်ချေမှုန်းနိုင်ခဲ့ကာ တပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသည်။ စစ်ရေးပစ္စည်းတစ်ချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။
ထို့ပြင် မုံးကိုးခရိုင်၊ ရှီကျိကျတောင်ကုန်း၏ အရှေ့ဘက်ခြမ်းရှိ ကွမ်းထန်တောင်ကုန်း နှင့် နန်ကျွမ်းဒေသရှိ စစ်ကောင်စီတပ်များကိုလည်း ချေမှုန်းနိုင်ခဲ့သည်။
ယခုညနေပိုင်းအချိန်အထိ စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ချင်းရွှေဟော်ဒေသတစ်ခုလုံးကို ထိမ်းချုပ်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ရေးပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့ပါသည်။
有本事统一缅甸,消除隐患,给老百姓带来安宁,这种和占山为王土匪没有区别,你打我我打你根本没有一统天下的雄心壮志
回复删除