အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)တို့တိုက်ပွဲဖြစ်ပွား
၂၀၂၃ ခုနှစ် ဇွန်လ ၄ရက်နေ့
ဇွန်လ လဆန်းမှယနေ့ထိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် မြန်မာအမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)တို့နှင့် အထူးဒေသ(၁) မူပန်ဒေသ နှင့် ကိုးကန့်ဒေသထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီ ၉မိနစ်ခန့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် အထူး ဒေသ(၁) မူပန်ခရိုင် ပြင်းတောင်ရွာအနီးရှိ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)၏ယာယီတပ်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက် လာခဲ့ပြီး နှစ်ဦးနှစ်ဖက်မှ တစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။
ဇွန်လ ၃ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် ကိုးကန့်ခရိုင် တုံရှမ်းဒေသမှ အခြေချနေသော (MNDAA)တပ်နှင့် တိုက်ပွဲနှစ်နာရီကြာဖြစ်ပွားခဲ့ပါသည်။ နေ့လည် ၁၂ နာရီ ၄၀ မိနစ်ခန့်အချိန် အာဏာသိမ်းစစ်ကောင်စီသည် လူအင်အား(၁၀၀)စုစည်းပြီး ကိုးကန့်(MNDAA)ရှိရာ ရှောက်မင်ရှမ်းနှင့် ချောက်ချိုင့်ပါ့နေရာကို ပစ်ခတ်တိုက်ခိုက်လာ ခဲ့သည်။ တိုက်ပွဲသည် ညနေ၃ နာရီအထိဖြစ်ပွားပြီး ကိုးကန့်(MNDAA)ဘက်မှ တစ်ဦး ကျဆုံး ၊ တစ်ဦးဒဏ်ရာရရှိခဲ့ပါသည်။ ရန်သူဘက်မှ အကျအဆုံးအသေးစိတ်မသိရ သေးပါ။
ယနေ့နံနက် ၁၀နာရီခန့် စစ်ကောင်စီအင်အား အင်အား ၇၀ ခန့် နှင့် ကိုးကန့်ရုပ်သေးစစ်အစိုးရကို လက်နက်ကိုင်တပ်၄၀ ကျော် ကိုးကန့်ခရိုင် ရှိရှမ်းဒေသ ကြာကျည်ရှူကျေးရွာအုပ်စု ကျန်တစ်ရှမ်းဘက်တွင်လည်း ပစ်ခတ်သံပြင်းပြင်း ထန်ထန်ကြားရပါသည်။ ကြာကျည်ရှူနေရာတွင်အခြေချနေထိုင်သော အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် ကျန်တစ်ရှမ်းဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပါသည်။ နှစ်ဦးနှစ်ဘက်ပစ်ခတ်တိုက်ခိုက်သောနေရာအနီး တာခုတ်ကျည်နေရာတွင် အာဏာ သိမ်းစစ်ကောင်စီတပ်ဖွဲ့မှ သွားလာရာကားလမ်းကြောင်းကိုပိတ်ဆို့တားမြစ်ခဲ့ပါသည်။
ယနေ့တွင် တာရွှေထန်၏ စျေးကွက်နေ့(စျေးရောင်းနေ့)ဖြစ်ပြီး တာရွှေထန်သို့လာရောက် စျေးဝယ်သောအရပ်သားများသည် ရွာပြန်ချိန်တွင် ဤနေရာကိုဖြတ်ကျော်သောအခါ ပိတ်ဆို့ တားမြစ်ခံရပါသည်။
评论
发表评论