စစ်ကောင်စီ တပ်ဖွဲ့၏မုံးကိုးမြို့နယ်၊မန်ပင်တပ်စခန်းနှင့် ချင်းရွှေဟော် မြို့နယ်စစ်ရေးအရ အရေးကြီးသောတပ်စခန်းတစ်ခုဖြစ်သည့်မာကျားတိပေါက်ပေါက် တောင်ကုန်းကို တိုက်ခိုက် သိမ်းယူ နိုင်ခဲ့
ကိုးကန့်၊ အောက်တိုဘာ ၂၈၊ ၂၀၂၃
အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀မိနစ်ခန့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA) မှ မုံးကိုးခရိုင်လုံခြုံရေးတပ်ဖွဲ့ခွဲ့နှင့် တပ်ရင်း(၃၀၂)တို့ ပူးပေါင်းကာ မုံးကိုးခရိုင် ၊ မုံးကိုးဒေသ ၊ ဖောင်းဆိုင်ကျေးရွာအုပ်စု၊ မန်ပင်နေရာတွင်အခြေချနေထိုင်သော အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့၏တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ ထို့ပြင် ရန်တော်ရှမ်းအိုင်လတွင်ရှိသော အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်းကိုလည်း ယနေ့နေ့လည် ၁၂ နာရီအချိန်တွင် သိမ်းယူနိုင်ခဲ့သညနေလည် ၂ နာရီခန့်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)သည် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ 14.5စက်လက်ကြီးတပ်ဆင်ထားသော သံချပ်ကာ(၂)စီးကို သိမ်းဆည်းရရှိပြီး ၂ နာရီ ၂၀ မိနစ်ခန့်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA) တပ်မဟာ (၂၁၁) လက်အောက်ခံတပ်ဖွဲ့များသည် တောင်ပိုင်းတိုက်နယ်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီတပ်၏ \စစ်ရေးအရ အရေးကြီးသောတပ်စခန်းတစ်ခုဖြစ်သည့်မာကျားတိပေါက်ပေါက် တောင်ကုန်းကို တိုက်ခိုက် သိမ်းယူ နိုင်ခဲ့သည်။
ဓာတ်ပုံ - မန်ပင်တပ်စခန်း
评论
发表评论