ကိုးကန့်(MNDAA)မှ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နှင့် ကိုးကန့်ရုပ်သေးအဖွဲ့တို့၏ တပ်စခန်းပေါင်း(၁၅)ခုကိုသိမ်းယူနိုင်ခဲ့ကြပြီး

အောက်တိုဘာလ (၂၈) ရက်တိုက်ပွဲသတင်း၏ နောက်ဆက်တွဲသတင်းများ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)မှ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ နှင့် ကိုးကန့်ရုပ်သေးအဖွဲ့တို့၏ တပ်စခန်းပေါင်း(၁၅)ခုကိုသိမ်းယူနိုင်ခဲ့ကြပြီး ချင်းရွှေဟော်ဒေသရှိ အခိုင်မာဆုံးတပ်စခန်းကို လည်းအမြစ်ပြတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

ကိုးကန့်သတင်းမီဒီယာ

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့

၂၀၂၃ခုနှစ် ‌အောက်တိုဘာလ ၂၈ရက် MNDAA မှ စစ်ကောင်စီ၏မာကြာတစ်ပေါက်ပေါက်တောင်ကုန်းတိုက်ခိုက်သိမ်းယူ(ပုံ)

        အောက်တိုဘာလ ၂၈ ရက်နေ့   မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ၊ ရက္ခိုင့်တပ်တော်(AA) ညီနောင်မဟာမိတ်သုံးဖွဲ့ မှ ပူးပေါင်းစစ်ဆင်ရေးကြေညာချက် ထုတ်ပြန်သည့် ဒုတိယရက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA) မှ စစ်အောင်ပွဲများအကြီးအကျယ်ချဲ့ထွင်နိုင်ခဲ့ပြီး တစ်ရက်ထဲတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့၏တပ်စခန်း(၁၅)ခု ကို ထပ်မံတိုက်ခိုက်သိမ်းယူခဲ့ပါသည်။   မာကြာတစ် ပေါက်ပေါက်တောင်ကုန်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းကို တိုက်ခိုက်သိမ်းယူခြင်းမှာ စစ်ရေးအရ အလွန်အ‌ရေးကြီးပါသည်။ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်အမြောက်အများကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိပါသည်။

        ၂၈ ရက်နေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)သည် ကိုးကန့် ‌ဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ တာအပ်ထိုက် တပ်စခန်းကို ဦးစွာထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ နံနက် ၉နာရီခန့် တွင် MNDAAမှ အင်အားတစ်စုသည် ချင်းရွှေဟော်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ အခိုင်မာဆုံး တပ်စခန်း (မာကြာတစ်ပေါက် ပေါက်တောင်ကုန်း)ကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ MNDAA၏ အင်အားအရှိန်အဟုန် ပြင်းစွာ တိုက်ခိုက်မှုဖြင့်၁၄ နာရီ ၃၀ မိနစ်ခန့် ၎င်းတပ်စခန်းကိုအောင်မြင်စွာသိမ်းယူခဲ့ပါသည်။ တိုက်ပွဲတွင် MNDAAမှ လက်နက် ခဲယမ်းအမြောက်အမြားသိမ်းဆည်းရရှိပြီး သံချပ်ကာစစ်ကား(၂)စီးဖျက်ဆီးခဲ့ပါသည်။ စစ်ကောင်စီတပ်ဖွဲ့၏အလောင်း(၁၅)လောင်းခန့် တပ်စခန်းတွင်ကျန်ရစ်နေပါသည်။

မာကြားတစ်ပေါက်ပေါက်စခန်းတွင် သိမ်းဆည်းရရှိသောပစ္စည်းများနှင့် စကစတပ်ဖွဲ့ဝင်အလောင်းများ(ပုံ)

       နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့် စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းပို့ဆောင်ယာဉ်ဖြင့် ချင်းရွှေဟော်ဒေသသို့  စစ်ပစ္စည်းနှင့် လူအင်အား(၈၀)ကျော် ဝေဟင်မှ‌လေထီးဖြင့် ပို့ချခဲ့ပါသည်။ သို့သော် MNDAAမှ ၎င်းလှုပ်ရှားမှုကို တွေ့ရှိပြီး ချက်ချင်းပစ်ခတ်တိုက်ခိုက်ကာ ၎င်းတို့ပို့ချလာသောတပ်ဖွဲ့ဝင်ထဲက အယောက် (၇၀)ကျော်ကို အောင်မြင်စွာချေမှုန်းနိုင်ခဲ့ပြီး (၃)ယောက်ဖမ်းဆီးရရှိခဲ့ပါသည်။ စစ်ပစ္စည်းအချို့ကိုလည်းသိမ်းဆည်းရရှိပါသည်။

အောက်တိုဘာ ၂၈ စစ်ကောင်စီတို့  ဝေဟင်မှတစ်ဆင့်ပို့ချသောပစ္စည်းများကို MNDAAမှသိမ်းဆည်းရ(ပုံ)

မုံးကိုးတိုက်ပွဲ

MNDAA နှင့် မုံးကိုးဒေသလုံခြုံရေးအဖွဲ့တို့သည် နမ်ကျွမ့်ဒေသ ရှောက်ရင်ဖန် ၊ နမ်ဟ ၊ မန်ပင် ၊ မိုင်းရန်ကျွမ်ဖိုင်ပေါက်ပေါက်တောင်ကုန်း ၊ ချင်ချိုင့်ထန်  နှင့် မာလင်ရှူ-ဖောင်းဆိုင်လက်ဝဲဘက်အောက်ပိုင်း ဒေသရှိ တပ်စခန်းစုစုပေါင်း (၉) ခုတို့ကိုဆက်တိုက်သိမ်းယူခဲ့သည်။ ၎င်းတို့မှာ နမ်ဟတွင် တပ်စခန်း(၂)ခု ၊ မာလင်ရှူ-ဖောင်းဆိုင်လက်ဝဲဘက်အောက်ပိုင်းတွင် တပ်စခန်း(၃)တို့ရှိပါသည်။


အောက်တိုဘာ ၂၈ MNDAAမှ မုံးကိုးရှိစစ်ကောင်စီတပ်ဖွဲ့၏ချင်ချိုင့်ထန်တပ်စခန်းကိုသိမ်းယူ(ပုံ)

အောက်တိုဘာ ၂၈ MNDAAမှ နမ်ကျွမ့်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းကိုသိမ်းယူ(ပုံ)

MNDAAမှ နမ်ဟစစ်ကောင်စီတပ်ဖွဲ့၏တပ်စခန်းသိမ်းယူ(ပုံ)


အောက်တိုဘာ ၂၈ MNDAAမှ မုံးကိုးရှိစစ်ကောင်စီ၏မန်ပင်တပ်စခန်းကိုသိမ်းယူ(ပုံ)

       MNDAAမှ အခြားအင်အားတစ်စု၏ တိုက်ခိုက်မှုအောက်တွင် စစ်ကောင်စီတပ်ဖွဲ့၏မန်ယန်နေရာရှိ ခဲယမ်းသိုလှောင်ခန်း(ဂိုဒေါင်)ကို ဖျက်ဆီးခဲ့ပါသည်။

MNDAAမှ မူပန်ဂိတ်သိမ်းယူ(ပုံ)

မူပန်တိုက်ပွဲ

       MNDAAသည် စစ်ကောင်စီတပ်ဖွဲ့၏ နမာရွာရှိ ကွမ်ပေါက်စခန်း ၊ မူပန်ဂိတ် ၊လားရှိုးကွမ်ယုံအနောက်ဘက် တောင်တန်းနှင့် နမ်ကျန့်ဂိတ်ကို တိုက်ခိုက်သိမ်းယူခဲ့ပါသည်။ လားရှိုးရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဗျူဟာကုန်း(၆၈) ၊ နာတစ်ကျေးရွာ(၄၁)မိုင် ၊ နာတစ်တံတားနှင့် ကွမ်လုံဒေသရှိတပ်စခန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။



评论

  1. 请公布捐款渠道,请聆听我们中国百姓的声音,我们急需捐款支持你们的正义之道,消灭四大家族电诈集团。

    回复删除
  2. 我就在果敢老街,附近建筑,有一家医院,和大地国际建筑

    回复删除

发表评论