MNDAA သည် စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်း (၃) ခုကို ထပ်မံသိမ်းပိုက်နိုင်
အောက်တိုဘာ ၂၈ ရက် တိုက်ပွဲသတင်း
The Kokang မီဒီယာ
၂၈ ရက်တွင် MNDAA သည် စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် (၁၀း၃၀)နာရီ အချိန်ထိတွင် စစ်ကောင်စီ၏ တပ်စခန်း (၃) ခုကို ထပ်မံသိမ်းပိုက်နိုင်ကြောင်းသိရှိရပါသည်။
နံနက် (၀၆း၄၀)နာရီခန့်တွင် MNDAA သည် စစ်ကောင်စီ၏ “ ရှောက်ရင်းဖန်”ဒေသရှိ တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ရေးပစ္စည်းတစ်ချို့ နှင့် စိန်ပြောင်း (၃)လက် ကို သိမ်းဆည်းရရှိခဲ့ပါသည်။
နံနက် (၀၇း၃၀) နာရီခန့်တွင် မုံးကိုးတိုက်နယ် “နန်ဟာ”ဒေသရှိ စစ်ကောင်စီတပ်စခန်း (၂) ခုကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ပြီး စစ်ရေးပစ္စည်းတစ်ချို့ ကို သိမ်းဆည်းရရှိခဲ့ပါသည်။
ထို့ပြင် ချင်းရွှေဟော်ဘက်တွင်လည်း MNDAA မှ “ဟိုပန်”ဒေသရှိ စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်အများအပြားကိုချေမှုန်းနိုင်ခဲ့ကာ စစ်ရေးပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ပါသည်။ ရှေ့တန်း MNDAA တပ်ဖွဲ့ဝင်များ၏ပြောဆိုချက်အရ- အဆိုပါစစ်ရေးပစ္စည်းများကို ကားဖြင့် ၁၀ ကြိမ် သယ်ဆောင် ပြီးသော်လည်း အများအပြားကျန်နေသေးကြောင်းဟု သိရပါသည်။
评论
发表评论