ကချင်လူမှုအဖွဲ့အစည်း(၂)ဖွဲ့ သည် မုံးကိုးခရိုင်အုပ်ချုပ်ရေးရုံးသို့ရောက်ရှိပြီး မုံးကိုးဒေသပြန်လည်ထူထောင် နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုချီးကျူးခဲ့ကြောင်း
နိုဝင်ဘာလ ၇ ရက်နေ့ MNDAAမှ မုံးကိုးဒေသ၏အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ခဲ့ပြီးနောက် အထူးဒေသ(၁) မုံးကိုးခရိုင်၏ နောက်ဆက်တွဲလုပ်ငန်းစဉ်များလည်း အောင်မြင်မှုရရှိခဲ့ပါသည်။ လက်ရှိ မုံးကိုခရိုင်အရပ်သားများသည် စားသောက်နေထိုင်ရေးမှာ ပုံမှန်အနေအထားသို့ရောက်ရှိလာပြီး အလုပ်နှင့် ထုတ်လုပ်မှုများကိုလည်း ပြန်လည် စတင်ကာ စာသင်ကျောင်းများလည်းပြန်လည်သင်ကြားလာခဲ့ပါသည်။
နိုဝင်ဘာလ ၂၂ ရက်နှင့် ၂၅ ရက်နေ့တွင် မုံးကိုးခရိုင်ရှိ ကချင်ယဉ်ကျေးမှုအဖွဲ့အစည်းနှင့် ကချင်အမျိုးသမီးအသင်း တို့သည် အထူးဒေသ(၁) မုံးကိုးခရိုင် အုပ်ချုပ်ရေးရုံးသို့ရောက်ရှိလာပြီး MNDAAတပ်ဖွဲ့မှ မုံးကိုးခရိုင်ပြန်လည် ထူထောင်နိုင်ခဲ့ကြောင်း လာရောက်ဂုဏ်ပြုချီးကျူးခဲ့ပါသည်။
ကချင်ယဉ်ကျေးမှုအဖွဲ့အစည်းသည် ကချင်တိုင်းရင်းသား၏အမြင့်မြတ်ဆုံးရိုးရာကျင့်ဝတ်ဖြင့် စစ်ကောင်စီ တပ်ဖွဲ့ကို ဒေသမှ မောင်းထုတ်ပြီး လွှတ်မြောက်ရေးဖော်ဆောင်နိုင်ခဲ့သော MNDAAအား ဝမ်းမြောက်စွာ ဂုဏ်ယူချီးကျူးခဲ့ပါသည်။ ကချင်ယဉ်ကျေးမှုအဖွဲ့အစည်းကိုယ်စားလှယ်က “ပါဆောင်လာသော လက်ဆောင် များ မိတ်ဆက်ပေးသည့်အချိန်တွင် လက်ဆောင်ပေါ့ပါးပေမယ့် ချစ်ခြင်းမေတ္တာကလေးနက်ပါတယ် ။ လက်ဆောင်တစ်ခုချင်းစီသည် မိမိတို့ကချင်အမျိုးသားတို့၏ နွေးထွေးမှုနှင့် လေးစားမှုကိုကိုယ်စားပြုပါသည်။”ဟု ပြောဆိုခဲ့ပါသည်။
မုံးကိုးခရိုင်ဒုခရိုင်မှူးဦးကျန်လီဖာမှ ရောက်ရှိလာသောဧည့်သည်တော်များကိုဧည့်ခံစဉ်“ကိုးကန့်နှင့် ကချင်တိုင်း ရင်းသားနှစ်မျိုးတို့သည် ကိုးကန့်ရန်မျိုးနွယ်စော်ဘွားလက်ထက်ကတည်းကပင် အလွန်ရင်းမြစ်သော တော်လှန်ရေး ချစ်ကြည်မှုရှိခဲ့ပြီး မုံးကိုးဒေသရှိ ကချင်တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့ အနေဖြင့် မုံးကိုးခရိုင်ပြန်လည်ထူထောင်ရေးကို ထောက်ခံကြိုးဆိုခြင်းဟာလည်း MNDAAအတွက် အကြီးမြတ်ဆုံး လက်ဆောင်ပေးခြင်းဖြစ်ပါသည်။”ဟု ပြောဆိုခဲ့ပါသည်။
评论
发表评论