ကိုးကန့်(MNDAA)မှ ပြန်လည်ထူထောင်နိုင်ခဲ့သောဒေသ၏အခြေအနေ
ကိုးကန့်(MNDAA)အလုပ်အမှုဆောင်အဖွဲ့မှ ရန်ခွမ့်ရွာအရပ်သားများကိုသွားရောက်ကြည့်ရှု
ကိုးကန့်မီဒီယာ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်
နိုဝင်ဘာလ ၁၂ ရက်နေ့ ကိုးကန့်ရှီးရှမ်းဒေသ၊ မန်လော်အုပ်စု ၊ ရန်ခွမ့်ရွာရှိ စစ်ကောင်စီတပ်ရင်း(၁၂၉)အဖွဲ့ဝင်များ မှ ကိုးကန့်(MNDAA)ထံ လက်နက်ချအလင်းဝင်လာခဲ့ပြီး ၎င်းနေရာကို တပြိုင်တည်း သိမ်းယူလိုက်ပါသည်။ လက်ရှိ ကိုးကန့်(MNDAA)၏ အလုပ်အမှုဆောင်အဖွဲ့သည် စစ်ပွဲ၏နောက်ဆက်တွဲလုပ်ငန်းများစတင်ဆောင်ရွက် လာပြီး ရန်ခွမ့်ရွာအရပ်သားများကိုလည်းသွားရောက်ကြည့်ရှုကာ ဆန်များထုတ်ဝေပေးခဲ့ပါသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ကိုးကန့်(MNDAA)အလုပ်အမှုဆောင်အဖွဲ့မှ ရန်ခန့်ရွာအရပ်သားများနှင့် အစည်းအဝေး လုပ်(ပုံ)
နိုဝင်ဘာလ ၁၄ ရက်နေ့ ကိုးကန့်(MNDAA)အလုပ်အမှုဆောင်အဖွဲ့မှ ရန်ခန့်ရွာအရပ်သားများဆန်ထုတ်ဝေပေးပုံ
နိုဝင်ဘာလ ၁၄ ရက်နေ့ ကိုးကန့်(MNDAA)အလုပ်အမှုဆောင်အဖွဲ့မှ ရန်ခန့်ရွာအရပ်သားများရိက္ခာပစ္စည်း ထုတ်ဝေပေးပုံ
စစ်ကောင်စီအဖွဲ့မှ ရန်ခွမ့်ရွာကိုဗုံးကြဲပြီးနေအိမ်ဖျက်ဆီးခံရပုံ
(၁၄)ရက်နေ့ တွင် ကိုးကန့်(MNDAA)အလုပ်အမှုဆောင်အဖွဲ့သည် မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသား ပါတီ(MNTJP) ၊ အထူးဒေသ(၁)အုပ်ချုပ်ရေးအဖွဲ့ နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့်(MNDAA)ကော်မတီဝင်တို့၏ နွေးထွေးဂရုပြုသော အမှာစကားများဖြင့် ဒေသခံအရပ်သားများနှင့် အစည်းအဝေးလုပ်ခဲ့ကြပါသည်။ အလုပ်အမှုဆောင်အဖွဲ့မှ ဒီတစ်ကြိမ် စစ်ဆင်ရေး၏ အကြောင်းရင်းကို ဒေသခံအရပ်သားများကိုရှင်းပြဖွင့်ဆိုပေးပြီး ၎င်းတို့ရဲ့နေထိုင်ရေးကိုလည်း အားပေးကူညီထောက်ခံကာ ဒေသခံအရပ်သားများ၏အခက်အခဲများကိုလည်း စုံစမ်းမေးမြန်ခဲ့ပါသည်။
ထို့အတူ ရန်သူ၏လေကြောင်းပစ်ခတ်မှုနှင့် မိုင်းများကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိပေးတောင်းဆိုခဲ့ပါ သည်။
ဒီတစ်ကြိမ် အလုပ်အမှုဆောင်အဖွဲ့သည် ရန်ခွမ့်ရွာနေအိမ်(၃၅)အိမ်ကို တစ်အိမ်းလျှင် ဆန်တစ်အိတ် နှင့် နို့ဆီဘူးများ၊ ကြက်ဥ များထုတ်ဝေပေးခဲ့ပါသည်။ ၎င်းနေအိမ်(၃၅)အိမ်ထဲတွင် (၁၁)အိမ်မှာ စစ်ကောင်စီ၏ ဗုံးပစ်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရပြီး (၂)အိမ်မှာမီးရှို့ခံရကာ ကျန် (၂၂)အိမ်သည်လည်း ဆင်းရဲဒုက္ခ ပေါင်းစုံနှင့်ရင်ဆိုင်နေရပါသည်။
评论
发表评论